ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / June 25, 2025
image_latest


နေပြည်တော် ဇွန် ၂၄

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရာဇမဏိ စူဠာကောင်းမှုတော်စေတီနှင့် မေတ္တာကန်တို့၌ ငလျင်အတွင်း ထိခိုက်ပျက်စီးခဲ့သော သာသနိက အဆောက်အအုံများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်အတူပူးပေါင်း၍ အပြီးသတ်ဖယ်ရှားရှင်းလင်းပြီးနောက် စေတီတော်ရင်ပြင်တိုးချဲ့ရန်အတွက် မြေသားခိုင်မာမှု စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ စေတီတော်လုံးပတ် ပြန်လည်ပြုပြင်တည်ဆောက်နေမှုအခြေအနေများ၊ စေတီတော်နှင့် မေတ္တာကန်ပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဘက်စုံပြန်လည်ပြုပြင် တည်ဆောက်နေမှု အခြေအနေများ၊ ရွှေဟင်္သာတိုက်သစ်၊ နဝလောဟာ ကျောင်းတိုက်နှင့် အနောက်စင်္ကြံ ကျောင်းတိုက်များ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စက်ယန္တရားကြီးများကိုအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းပြီး ပြန်လည်တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးကာ လုပ်အားပေးဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များပေးအပ်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် စစ်ကိုင်းပညာရေး ဒီဂရီကောလိပ်သို့သွားရောက်ကာ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန်အတွက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျောင်းဆောင်များကို အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများနှင့် လူနေအဆောက်အအုံများအား စက်ယန္တရားကြီးအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုများနှင့် ငလျင်ဘေးဒဏ်သင့် ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအခြေအနေများ၊ တပ်မတော်ရေသန့်စက်ယာဉ်ဖြင့် ဧရာဝတီမြစ်ရေကိုသန့်စင်၍ သန့်ရှင်းသောသောက်သုံးရေများ ပေးဝေနိုင်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး စစ်ကိုင်းတောင်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းအချို့ ပြန်လည်တည်ဆောက်ရန်အတွက် လျာထားမြေလွတ်နေရာအား အပြီးသတ်ဖယ်ရှားရှင်းလင်းပြီးစီး မှုအခြေအနေများ၊ စစ်ကိုင်းမြို့ အမှိုက်များစွန့်ပစ်သည့်နေရာသို့ သွားရောက်ကြည့်ရှုပြီး စနစ်တကျစွန့်ပစ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ချမ်းမြသာစည် မြို့နယ်ကျွန်းလုံးဥသျှောင်ရပ်ကွက် ငါးစို့တိုက်သို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံ အပျက်အစီးများအား တပ်မတော်သားများနှင့် စက်ယန္တရားကြီးများအသုံးပြု၍ အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဖယ်ရှားရှင်းလင်းရာတွင် ပြန်လည်တွေ့ရှိသော ရှေးဟောင်း ဌာပနာပစ္စည်းများအားကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများအမြန်ဆုံး ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အဖွဲ့သည် မဟာအောင်မြေမြို့နယ် မဟာမြိုင်- (၁) ရပ်ကွက်နှင့် ချမ်းမြသာစည်မြို့နယ် အလည်ရပ်ကွက်တို့ရှိ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိနေအိမ်အဆောက်အအုံများအား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း စေရေးစနစ်တကျပြုလုပ် ဆောင်ရွက်သွားရန်မှာကြားပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3551 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download