ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
Ministry of Information/ Naypyitaw / July 14, 2025
နေပြည်တော် ဇူလိုင် ၁၄
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်၊ ဆွမ်းဦးပုညရှင်စေတီတော်၊ ရတနာစေတီဆင်များရှင်ဘုရား၊ ထူပါရုံစေတီတော်နှင့် မဟာစေတီများရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သောသာသနိက အဆောက်အအုံများ ဘက်စုံပြန်လည်ပြုပြင်နေသည့် အခြေအနေများနှင့် စေတီတော်ပုရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေတို့ကိုလည်းကောင်း၊ ရတနာဒီပံချောင်ကျောင်းတိုက်၊ ပထမဂန္ဓာရုံကျောင်းတိုက်နှင့် ရွှေစေတီကျောင်းတိုက်များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုအခြေအနေတို့အားလည်းကောင်း၊ စိန်ကုန်ရပ်ကွက်နှင့် ပန်းပဲတန်းရပ်ကွက်ရှိ လူနေအဆောက်အအုံအပြိုအပျက်များကို စက်ယန္တာရားကြီးအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုအခြေအနေတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်အားပေးဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များပေးအပ်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပသည်။
၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်ရှိ ဇိနောဒယပရိယတ္တိစာသင်တိုက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းသံဃာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကာရုဏိကနှင့် ဆရာတော်သံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်၊ ဆီး၊ ကုလားပဲတို့အား ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဇိနောဒယပရိယတ္တိစာသင်တိုက်ရှိ ရဟန်း၊ သာမဏော၊ သီလရှင်၊ ယောဂီများကို တပ်မတော်ဆေးကုသရေးအဖွဲ့နှင့် စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးကုသရေးအဖွဲ့တို့ပူပေါင်း၍ ကျန်းမာရေးဆေးစစ်ဆေးခြင်း၊ ဆေးဝါကုသပေးခြင်း၊ ခြင်ဆေးဖျန်းပေးခြင်း စသည်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဉသျှောင်ရပ်ကွက်၊ ဒက္ခိဏရာမဘုရားကြီးတိုက်သို့ရောက်ရှိပြီး ကျောင်းတိုက်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သိမ်ကျောင်းအား တပ်မတော်သားများမှ အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများအားလည်းကောင်း၊ အာနန္ဒာမြတ်စွာဘုရားအတွင်း စေတီတော်အထက်ပိုင်းရှိ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်အားပေးဆောင်ရွက်ကြသူများအား စားသောက်ဖွယ်ရာများပေးအပ်ကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်ရှိ Sky Villa နေရာသို့သွားရောက်၍ရှင်းလင်းရန်ကျန်ရှိနေသည့်“ A” ဆောင်အား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေများအားလည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံအပျက်အစီးအား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန်၊ အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံများအား ထိခိုက်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန်၊ လျှပ်စစ်မီးကြိုးများအား စနစ်တကျ ကြိုတင်ရှင်းလင်းဆောင်ရွက်နိုင်ရေး၊ နေ့စဉ်အများပြည်သူ အသုံးပြုမှုများသည့် လမ်းမကြီးများဖြစ်သည့်အတွက် လမ်းပိတ်ဆို့မှုမဖြစ်စေရေးနှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးတို့အား မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3439 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
