ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရေးနှင့် နိုင်ငံတကာစျေးကွက် စံချိန်စံညွှန်းမီ အရည်အသွေးမြင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးကြိုးပမ်း


Ministry of Information/ Naypyitaw / November 15, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၄

ပုဂ္ဂလိကကဏ္ဍ၏ ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရေးနှင့် နိုင်ငံတကာစျေးကွက် စံချိန်စံညွှန်းမီ အရည်အသွေးမြင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အားပေးကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ရတနာသိင်္ဂီ စက်မှုလုပ်ငန်းကုမ္ပဏီလီမိတက်၏ ရေထွက်ပစ္စည်းပြုပြင်အေးခဲခြင်းနှင့် ရေခဲစက်ရုံ၌တန်ချိန် ၁၁ဝဝ ဆံ့ အအေးခန်းဖြင့် ပြင်ပအပ်ကုန်များ လက်ခံဆောင်ရွက်ပေးနေမှု၊ ရတနာသိင်္ဂီစက်မှု လုပ်ငန်းကုမ္ပဏီလီမိတက် (အအေးခန်းစက်ရုံ)မှ ရေချိုငါး၊ ရေငန်ငါးများအေးခဲပြုပြင်ပြီး China၊ Saudi၊ Kuwait၊ UAE နိုင်ငံများသို့ အဓိကတင်ပို့နေမှုနှင့် BAP စနစ်ဖြင့် ဆော်ဒီနိုင်ငံသို့ မွေးမြူရေးငါးများတင်ပို့နိုင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့အတူ ရွှေပြည်သာ စက်မှုဇုန်(၃)ရှိ Pyilonechantha Trading Co., Ltd. ၏ တန် ၆၀၀ ဆံ့ အအေးခန်းစက်ရုံတွင် Surimi (ငါးကြိတ်သား)ထုတ်လုပ်ပြီး Japan၊ Vietnam၊ Singapore အစရှိသော နိုင်ငံများသို့တင်ပို့နေမှု၊ Surimi လုပ်ငန်းမှ စွန့်ပစ်ပစ္စည်းများဖြစ်သော ငါးခေါင်း၊ အရိုး၊ ကြိတ်ဖတ်များနှင့် Fish Meal (ငါးစာမှုန့်) ထုတ်လုပ်၍ ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်များသို့ ရောင်းချပေးနေမှုကိုလည်းကောင်း၊ ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်းကုမ္ပဏီလီမိတက်၏ အအေးခန်းစက်ရုံ(လှိုင်သာယာ)တွင် ရေချို၊ ရေငန်၊ ငါး၊ ပုစွန်များအား အဆင့်မြင့်အေးခဲထုတ်လုပ်ပြီး တန်ဖိုးမြင့်ကုန်ချောအဖြစ် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေမှု၊ ငါးမွေးမြူရေးကန်များမှ ထွက်ရှိသည့် ထုတ်ကုန်များကို အရည်အသွေးမီပြုပြင်ထုတ်လုပ်အေးခဲပြီး တရုတ်နိုင်ငံ၊ ထိုင်းနှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့သို့ စက်ရုံများ၏ ကုန်ထုတ်လုပ်မှုအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီးက ဈေးကွက်လိုအပ်ချက်အရ ဆော်ဒီအာရေဗျနိုင်ငံသို့ မွေးမြူရေးရေထွက်ကုန်ပစ္စည်းများ တင်ပို့ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်ရာတွင် BAP စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာကျင့်သုံးရန်မွေးမြူသည်မှ ကုန်ချောထုတ်လုပ်သည်အထိ လုပ်ငန်းစဉ်အဆင့်တိုင်းတွင် တင်သွင်းနိုင်ငံများက ချမှတ်ထားသော ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်ပစ္စည်းများတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လှိုင်မြို့နယ် MICT Park ရှိ Fortune International ရုံးချုပ်တွင် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ မွေးမြူရေးကိုအခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှုအားကောင်းလာစေရန် လုပ်ငန်းစဉ် တစ်လျှောက်တွင် ပါဝင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားကာတာဝန်ရှိသူများ၏ တင်ပြချက်များကို လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့အတူ အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ခန်းမဆောင်(၁)တွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တာဝန်ရှိသူများ၊ ညီနောင်အသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒုတိယ ဝန်ကြီးက ပြည်တွင်းစားသုံးမှုဖူလုံစေရန်နှင့် ပြည်ပတင်ပို့ ရောင်းချနိုင်ရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြု၍ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ကြရန်လိုကြောင်း၊ အလားတူ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP)နှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားပြီး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၏တင်ပြချက်များနှင့် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြချက်များကို ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3379 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download