စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရေဘေးသင့်ပြည်သူများအတွက် အဝတ်အထည်၊ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း


Ministry of Information/ Naypyitaw / September 16, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၅

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် လှေခွင်းတောင်သာသနာ့နယ်မြေရှိ ဓမ္မာရုံ၌ ရေဘေးသင့်ခဲ့သည့် ဇေယျာသီရိမြို့နယ်ရှိ ညောင်ပင်ကြီးရွာ၊ ချောင်းကမ်းကြီးရွာ၊ ရွာသစ်ကြီးရွာ၊ စည်ပင်ကြီးရွာ၊ စည်ပင်သာယာရွာ၊ ကန်ဦးရွာ၊ ဝက်စုရွာ၊ ကျည်တောင်ကျေးရွာတို့မှ ပြည်သူ ၃၅၀၀ နှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရေဘေးသင့်ပြည်သူများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးနေသည့် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရေဘေးသင့်ခဲ့သည့်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးရေး၊ သောက်သုံးရေများ အပြည့်အဝရရှိရေး၊ ဝမ်းပျက်ဝမ်းလျှောနှင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေး၊ ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ဆွေးနွေးပြီး လိုအပ်ချက်များကိုလည်း ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေဘေးသင့်ခဲ့သည့်ပြည်သူများအား စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ် ၂၁၃၅၀၀၀၀ (နှစ်ရာတစ်ဆယ့်သုံးသိန်းငါးသောင်း) တန်ဖိုးရှိ အဝတ်အထည်၊ စောင်၊ ဆန်၊ ဆီ၊ ဆေးဝါး၊ ဓာတ်ဆားထုပ်များ၊ အစားအသောက်များ၊ အသုံးအဆောင်ပစ္စည်းများကို ရေဘေးသင့်ပြည်သူများနှင့် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအား အလှူရှင်များနှင့် ပရဟိတအသင်း၊ အဖွဲ့များ၏ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3414 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download