ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဗဟိုအဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / September 04, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၃

ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ဆေးရုံအခြေပြုကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဗဟိုအဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးနှင့် ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ တပ်မှူးများနှင့် တပ်ရင်းမှူးများ၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ တာဝန်ရှိသူများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ EPI Focal များ၊ WHO၊ UNICEF၊ CHAI အဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆေးရုံအခြေပြုကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေးလုပ်ငန်းကိုလည်း အခြေစိုက်ကာကွယ်ဆေးထိုးစုရပ် (Fixed post) အနေဖြင့် ၂၀၁၆ ခုနှစ် မေလမှစတင်၍ ဆေးရုံ ၈၅ ရုံတွင် ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ် တွင် ဆေးရုံ ၄၉ ရုံ၌ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် တပ်မတော်ဆေးရုံလေးရုံအပါအဝင် ဆေးရုံ ၈၂ ရုံတွင် ထိုးနှံနိုင်မည်ဟု သိရှိရကြောင်း၊ အဆိုပါဆေးရုံများတွင် ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်းလမ်းညွှန်သင်တန်းများ ဆောင်ရွက်ရန်အတွက် ဆေးရုံအုပ်ကြီးများနှင့် ညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် သင်တန်းပေးခြင်းများကိုလည်း စနစ်တကျဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဗဟိုအဆင့် ဆရာဖြစ်သင်တန်းကို စက်တင်ဘာ ၄ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3525 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download