တတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ပုံမှန်အစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / December 14, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၃

တတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ပုံမှန်အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual စနစ်ဖြင့် တက်ရောက်သည်။

တက်ရောက်

အစည်းအဝေးသို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အင်ဂျင်နီယာအထူးပြုပညာရပ်အလိုက် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ဥပဒေနှင့်အညီ အင်ဂျင်နီယာများကျင့်ဝတ်စည်းကမ်းနှင့်အညီ ကျင့်ကြံဆောင်ရွက်နိုင်ရေး စံချိန်စံညွှန်များ ပြုစုပြဋ္ဌာန်းရေး၊ စဉ်ဆက်မပြတ် လေ့လာသင်ယူမှု ပြုလုပ်ရေးအတွက် အင်ဂျင်နီယာပညာဒဿန၊ အင်ဂျင်နီယာပညာ စိတ္တဗေဒတို့နှင့်အညီ ဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ကျင်းပပြီး သိရှိလိုက်နာနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အင်ဂျင်နီယာကောင်းတစ်ဦး ဖြစ်လာစေရန် ပြုစုပျိုးထောင် မွေးမြူနေသည့်ကာလမှအစပြု၍ အင်ဂျင်နီယာပညာရေးသည် အင်ဂျင်နီယာပညာရေးစနစ်ကို အင်ဂျင်နီယာကျင့်ဝတ်၊ စည်းကမ်း များ သိရှိနားလည်စေရန် မြန်မာနိုင်ငံရေမြေသဘာဝနှင့် ကိုက်ညီသည့် အင်ဂျင်နီယာပညာရေးစနစ်ကို ဥပဒေနှင့်အညီ ဦးဆောင်ချမှတ်ပေးနိုင်ရန် အဆိုပြုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကောင်စီဒုတိယဥက္ကဋ္ဌ (၁) က ကောင်စီ၏ ၂၀၂၂-၂၀၂၆ မဟာဗျူဟာအစီအစဉ်အရ ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ရန် လျာထားသည့်လုပ်ငန်းများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ကောင်စီဒုတိယဥက္ကဋ္ဌ (၂) က အင်ဂျင်နီယာအထူးပြု ပညာရပ်အလိုက် လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းကော်မတီ (၈) ရပ်၏ လုပ်ငန်းဆောင်ရွက်မှုအကျဉ်းချုပ်ကိုလည်းကောင်း၊ ကောင်စီအတွင်းရေးမှူး (၂) က ဒွါဒသမပုံမှန်အစည်းအဝေး (၃/၂၀၂၅)မှ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည့်ကိစ္စရပ်များအား ဆောင်ရွက်ပြီးစီးမှုနှင့် Quick Win ရရှိမည့် အဆိုပြုလုပ်ငန်းများကိုလည်းကောင်း၊ ကောင်စီဘဏ္ဍာရေးမှူးက ကောင်စီ၏ဘဏ္ဍာရေး ရှင်းတမ်းအကျဉ်းချုပ်ကိုလည်းကောင်း၊ ကောင်စီနာယကကြီးများက ကောင်စီ၏ လုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် လိုအပ်သည်များကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ကောင်စီအတွင်းရေးမှူးက ကောင်စီဥပဒေ အခန်း (၆)၊ ပုဒ်မ ၁၅ အရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှ အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်ခဲ့ပြီးသော ပုံမှန် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးသုံးခု၏ ဆုံးဖြတ်ခဲ့ပြီးသော ဆုံးဖြတ်ချက်များကို တင်ပြအတည်ပြုချက်ရယူခြင်း၊ အတွင်းရေးမှူး(၂)က အတည်ပြု ပေးရန်ကိစ္စရပ်များကို တင်ပြခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ တာဝန်ရှိသူများ နှင့်အတူ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) သို့ရောက်ရှိပြီး ရိုးမတ်စ်နည်းပညာသုံး သံရည်ကျိုမီးဖို အလုပ်ရုံ၌ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အမျိုးသားသိပ္ပံနှင့် နည်းပညာ တက္ကသိုလ်၊ StalProekt တို့မှ ကျွမ်းကျင် ပညာရှင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် စက်ရုံ၌ အလုပ်ရုံ ၂၂ ရုံရှိသည့်အနက် အလုပ်ရုံ ၁၉ ရုံအား ဝန်မပါစမ်းသပ်လည်ပတ်ခဲ့မှု၊ ကျန်ရှိသည့် စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ၊ လေသန့်စင်အလုပ်ရုံ၊ ရိုးမတ်စ် နည်းပညာသုံး သံရည်ကျိုမီးဖို အလုပ်ရုံတို့အား စက်တပ်ဆင်ရေးလုပ်ငန်းများ စမ်းသပ်လည်ပတ်နိုင် ရေးဆောင်ရွက်မည့် အခြေအနေ၊ စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအရ စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် အတူတကွကြိုးပမ်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီး ပြည်ပကျွမ်းကျင်ပညာရှင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3410 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download