တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော်ကြီး၏ သက်တော်(၇ဝ)ပြည့်ဝိဇာတမွေးနေ့မင်္ဂလာနှင့် စာအောင်သံဃာတော်များ ဂုဏ်ပြုပူဇော်ပွဲကျင်းပ


Ministry of Information/ Naypyitaw / March 24, 2025
image_latest


ရန်ကုန် မတ် ၂၃

ရေစကြိုဆရာတော်တိပိဋက ဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၏ သက်တော်(၇၀)ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကျန်စစ်သားလမ်းရှိ တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်(၁)၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဇောတိဿရ (ကြံခင်းဆရာတော်) အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြသည်။

ဦးစွာ ကြံခင်းဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြသည်။

ထို့နောက် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသ (ရွှေဘိုဆရာတော်)ထံမှ သြဝါဒကထာနာယူကြသည်။

ယင်းနောက် ရန်ကုန်မြို့ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ကျမ်းပြုစာဆို၊ စာချနာယကပဋ္ဌာန်းအလင်းရောင်ဆရာတော် အရှင်တေဇနိယ ရေးသားပူဇော်သည့် သုံးချက်ညီပိုက်စုံရတုကို တေးသံရှင် ရွှေဖူးသွယ်က သီဆိုပူဇော်ပြီး အရှင်စန္ဒနာလင်္ကာရ (ပေါင်းဝ ရွှေသိမ်တော်) ရေးသားပူဇော်သည့် ဂုဏဝိသိဋ္ဌပူဇာကထာကို ကျောက်ပန်းတောင်း တိပိဋကဆရာတော် အရှင်ပညာဝံသာ ဘိဝံသကဖတ်ကြားပူဇော်သည်။

ဆက်လက်၍ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား ဧည့်ပရိသတ်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသနှင့် ၂၀၂၅ ခုနှစ် (၇၇)ကြိမ်မြောက်တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ၌ တိပိဋက မဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှအောင် ပန်းဆင်ခဲ့ကြသော သာသနာ့အာဇာနည် ၃၆ ပါး၊ နိကာယ်စာမေးပွဲအသီးအသီး အောင်မြင်ခဲ့ကြသော သာသနာ့အာဇာနည် အရှင်မြတ်များအား အလှူရှင်များက အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရေစကြိုဆရာတော် ဘဒ္ဒန္တ ဝါယာမိန္ဒာ ဘိဝံသထံမှ အနုမောဒနာတရားတော် နာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြသည်။

နံနက်ပိုင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်ကြီးနှင့် ဆရာတော် သံဃာတော်များအား အလှူရှင်များက ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3421 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download