ဒုဋ္ဌဂါမဏိမင်းကြီးနှင့် လူ့အခြေခံကျင့်ဝတ် ကင်းမဲ့သူများ
ဒုဋ္ဌဂါမဏိမင်းကြီးနှင့် လူ့အခြေခံကျင့်ဝတ် ကင်းမဲ့သူများ
Ministry of Information/ Naypyitaw / January 18, 2026
ငါးပါးသီလဆိုသည်မှာ လူသားဘဝကို ရရှိထားသူတစ်ဦးအနေဖြင့် စောင့်ထိန်းအပ်သော အခြေခံအကျဆုံး ကျင့်ဝတ် (၅) ခုဖြစ်သည်။ စာရိတ္တသီလ (ဆောင်သီလ) နှင့် ဝါရိတ္တသီလ (ရှောင် သီလ) ဟူ၍ နှစ်မျိုးကွဲပြားရာတွင် ဤအမှုကို မပြုကျင့်အပ်ဟု ပညတ်ကာ ရှောင်ကြဉ်ကြရသော ကျင့်ဝတ်ဖြစ်သည်။ သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါး၏ သားမယားကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်းမပြုဘဲ ရှောင်ကြဉ်ခြင်း၊ မူးယစ်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းတို့သည် လူတိုင်းရှောင်ကြဉ်ကြရမည့် သီလ (၅) ခုပင်ဖြစ်သည်။
မပြုလုပ်ဘဲ ရှောင်ကြဉ်စောင့်ထိန်းကြရသည့် ငါးပါးသီလတို့မှာ ကိုယ်ချင်းစာနာမှုပေါ်တွင်အခြေတည်ထားခြင်းဖြစ်သည့်အလျောက် လူ့အဖွဲ့အစည်းအတွင်း လူတိုင်းကျင့်သုံးအပ်သည် သာဖြစ်သည်။ ကိုယ်ချင်းစာမှုဆိုသည်မှာ မိမိအပေါ် ပြုမူပါက မကြိုက်သည့် အပြုအမူများကို မိမိကလည်း သူတစ်ပါးအပေါ် မပြုမူခြင်းဖြစ်သည်။ သို့ရာတွင် လူသားပီသသူများ မဟုတ်သည့် အားလျော်စွာ လူတစ်ဦးအနေဖြင့် စောင့်ထိန်းအပ်သည်တို့ကို မစောင့်မထိန်း၊ တရားလက်လွတ်စွာ ကျူးလွန်ကြသည်။ ဒေါသ၊ လောဘ၊ မောဟစသည့် ကိလေသာ လွန်ကဲသူတို့မှာ ငါးပါးသီလကို ဖောက်ဖျက်ကျူးလွန်ကြပြီး လူ့လောက၊ လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေသည်။ လူသတ်၊ ခိုးဆိုးလုယက်၊ အဓမ္မပြုကျင့်စသည်ဖြင့် ရာဇဝတ်မှုကျူးလွန်သူများမှာ ငါးပါးသီလကို နားမလည်၊ လိုက်နာကျင့်သုံးမှုလည်းမရှိ၊ သိလည်းမသိကြသူများပင်ဖြစ်ပြီး လူ့အဖွဲ့အစည်းတည်ငြိမ်အေးချမ်းရေးအတွက် ၎င်းတို့ ကျူးလွန်သည့်အပြစ်များနှင့်လျော်ညီစွာ ပြစ်ဒဏ်ပေးကြရသည်။ ထိုသို့ပြစ်ဒဏ်ပေးရခြင်းသည် ဘာသာတရား ရှုထောင့်မှဆိုလျှင် မည်သို့ရှုမြင်ပါမည်နည်း။
ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် သီဟိုဠ်ကျွန်းတွင် ဒုဋ္ဌဂါမဏိမင်းကြီးသည် ဘီစီ ၁၀၁ ၌ နန်းတက်၍ ဘီစီ ၇၇ တွင် နတ်ရွာစံခဲ့ပြီး နန်းစံသက် ၂၄ နှစ်ရှိခဲ့သည်။ အဆိုပါမင်းကြီးသည် သီဟိုဠ်ကျွန်းကို ကျူးကျော်ဝင်ရောက်လာပြီး နယ်မြေလုယက်ရယူကာ ထီးနန်းစိုက်စိုးစံနေသည့် တိုင်းတစ်ပါးသားတို့ကို ပြတ်ပြတ်သားသားတိုက်ထုတ်၍ နှစ်ပိုင်းကွဲနေသည့် သီဟိုဠ်ကို ပြန်လည်ပေါင်းစည်းပေးခဲ့သည်။ သို့ရာတွင် ဗုဒ္ဓဘာသာဝင် မင်းတစ်ပါးဖြစ်သည့် ဒုဋ္ဌဂါမဏိမင်းကြီးမှာ ကျူးကျော်လာသူတို့အား တိုက်ပွဲကြီးများအတွင်း အမြောက်အမြား တိုက်ခိုက်သတ်ဖြတ်ခဲ့ရမှုအပေါ် စိတ်ဒဏ်ရာကြီးစွာရခဲ့သည်။ မင်းကြီး၏အဖြစ်ကို သိတော်မူသည့် အဘိညာဉ်ရ ရဟန္တာကြီးရှစ်ပါးတို့က အိပ်မပျော်သည့်မင်းကြီးထံ သန်းခေါင်ယံတွင် ကြွလာကာ မိမိ၏ တိုင်းပြည်၊ ဘာသာသာသနာနှင့် တိုင်းသူပြည်သားတို့ကို ကာကွယ်သည့် စစ်ပွဲအတွင်း သုတ်သင်ရှင်းလင်းခဲ့ရသည့် ရန်သူများစွာအနက် ငါးပါးသီလဆောက်တည်သူတစ်ဦးနှင့် ငါးပါးသီလနှင့် သရဏဂုံဆောက်တည်သူတစ်ဦးသာပါရှိခြင်းကြောင့် အကုသိုလ် အနည်းငယ်သာဖြစ်နိုင်ကြောင်း ဟောကြား၍ စိတ်ဒဏ်ရာကို ကုစားအားပေးခဲ့သည်။
နိုင်ငံနှင့်လူမျိုး ဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ရာတွင် အစိုးရ၊ တပ်မတော်၊ ပြည်သူနှင့် သံဃာတော်ဟူသော ပင်မထောက်တိုင်ကြီးလေးခုတို့ စည်းလုံးညီညွတ်စွာ ကာကွယ်စောင့်ရှောက်သွားရန်ဟူသော ရည်ရွယ်ချက်ဖြင့် သီဟိုဠ်မဟာဝံသကျမ်းလာ ဒုဋ္ဌဂါမဏိမင်းကြီးဝတ္ထုကို ၂၀၁၇ ခုနှစ်အတွင်းက ကျင်းပသည့် တရားပွဲတစ်ခုတွင် တိုင်းပြည်၏ မင်းဆရာတစ်ဆူ ဖြစ်တော်မူသော ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးက ထည့်သွင်းဟောကြားခဲ့ရာ ထိုစဉ်ကပင် ပြည်တွင်းရှိ အချို့ မျိုးဖျက်၊ ပြည်ဖျက်အုပ်စုများက တရားကိုလိုရာစွဲ ပိုင်းဖြတ်ဖော်ပြကာ ဆရာတော်ကြီးကို မမှန်မကန် ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။ အမျိုး၊ ဘာသာ၊ သာသနာ ဟူသောစကားရပ်ကိုလည်း အစွန်းရောက်သယောင်၊ ခေတ်နောက်ကျသယောင် ဝေဖန်တိုက်ခိုက်၍ ပြည်သူလူထုကို ဦးနှောက်ဆေးခဲ့ကြသည်။
ယခုအခါ ထိုစဉ်က မျိုးဖျက်၊ ပြည်ဖျက်တို့၏ လက်ရာခြေရာများမှာ ပြည်ပသို့ပင်ရောက်ရှိကာ မမှန်မကန် ကိုးကားနေကြပြီဖြစ်သည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြရခြင်းဖြစ်ရာ အတွင်း နှင့်အပြင်တို့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ဖြစ်နေသည်ဟု ယူဆရမည်ကဲ့သို့ ဖြစ်ပါကြောင်း။ ။
Newspaper - 3436 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
