ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ မိတ္ထီလာမြို့ရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ကျောင်းသားများအား ကြည့်ရှုအားပေးဒေသတွင်း စီးပွားရေးဇုန်နှင့် MSME များ ဖွံ့ဖြိုးရေး လက်တွေ့ကျသော သုတေသနများ ဦးစားပေးဆောင်ရွက်
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ မိတ္ထီလာမြို့ရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ကျောင်းသားများအား ကြည့်ရှုအားပေးဒေသတွင်း စီးပွားရေးဇုန်နှင့် MSME များ ဖွံ့ဖြိုးရေး လက်တွေ့ကျသော သုတေသနများ ဦးစားပေးဆောင်ရွက်
Ministry of Information/ Naypyitaw / June 23, 2025
နေပြည်တော် ဇွန် ၂၂
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၂၀ ရက် မွန်းလွဲပိုင်းက နည်းပညာတက္ကသိုလ်(မိတ္ထီလာ)သို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်၍ ပြုပြင်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လမ်းညွှန်ချက်များအတိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပင်မသုံးထပ်စာသင်ဆောင်အပါအဝင် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သော်လည်း ငလျင်ကြီးဒဏ်မခံရသော အဆောက်အအုံများနှင့် သာမန်အသေးစား ထိခိုက်မှုဖြစ်ပေါ်ခဲ့သော အဆောက်အအုံများတွင် Academic Calendar အတိုင်း သင်တန်းများကို ဖွင့်လှစ်နေမှုများနှင့် ကျောင်းသားများ ပုံမှန်အတိုင်းတက်ရောက်နေမှု၊ လက်တွေ့လုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းသားများကို တွေ့ဆုံနှုတ်ဆက်ကာ လိုအပ်ချက်များတင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ တွေ့ဆုံစဉ် ကျောင်းသားများအား နိုင်ငံတော်နှင့် ပြည်သူများက အမှန်တကယ်အားထားရသော အင်ဂျင်နီယာလူငယ်ကောင်းများဖြစ်စေရေး ရည်မှန်းလျက်ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသတွင်းစီးပွားရေးဇုန်နှင့် MSME များ ဖွံ့ဖြိုးရေးလိုအပ်ချက်နှင့် ကိုက်ညီသော ခေတ်မီနည်းပညာများကို ဖြည့်ဆည်းအသုံးချနိုင်ရေးအတွက် လက်တွေ့ကျသော သုတေသနများကို ဦးစားပေးဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ)သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ဒုတိယဝန်ကြီးက ပင်မစာသင်ဆောင်ရှိ သင်တန်းများတွင် Academic Calendar အတိုင်း သင်တန်းများကို ဖွင့်လှစ်နေမှုများနှင့် ကျောင်းသားများ ပုံမှန်အတိုင်းတက်ရောက်၍ စက်ခန်းများအသီးသီး၌ ကွန်ပျူတာများဖြင့် လေ့ကျင့်သင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ တိုးတက်ပြောင်းလဲမှု မြန်ဆန်လျက်ရှိသော နောက်ဆုံးပေါ် Digital Transformation ဆိုင်ရာ IT နည်းပညာအရွေ့နှုန်းတို့နှင့်အတူ လိုက်ပါနိုင်ရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံ၍ ထူးချွန်ထက်မြက်သော နိုင်ငံ့အကျိုးပြု စွမ်းရည်မြင့် IT လူငယ်ပညာရှင်များဖြစ်စေရေး အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3469 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
