ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တောင်ငူမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တောင်ငူမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / July 12, 2025
နေပြည်တော် ဇူလိုင် ၁၁
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် တောင်ငူပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိ၍ လက်တွေ့တန်းပြဆင်းကြမည့် သင်တန်းသားများအား လမ်းညွှန်ပို့ချနေမှုကို ကြည့်ရှုလေ့လာပြီး သင်တန်းသားများအား မိမိ၏သင်ကြားမှုကို အစဉ်အမြဲတိုးတက်နေစေရေး လေ့လာမြှင့်တင်ကြရန်မှာကြားကာ စာသင်ခန်းများ၌ သင်တန်းသားများ ပညာသင်ယူနေမှုကို ကြည့်ရှုသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တောင်ငူမြို့ရှိအမှတ် (၁)၊ အမှတ် (၂) နှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းများသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုကာ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းနေမြဲနှုန်းမြင့်မားရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် တောင်ငူတက္ကသိုလ်သို့ ရောက်ရှိကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုပြီး ဘဝရည်မှန်းချက်ထားရှိကာ မိမိသင်ယူနေသော ဘာသာရပ်ကို ထူးချွန်ပေါက်မြောက်စွာ တတ်မြောက်အောင် လေ့လာကြရန် မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် တက္ကသိုလ်ပင်မဆောင်တွင် ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သော၊ ပညာတော်သော တပည့်များ မွေးထုတ်ရေးအတွက် မိမိအရည်အသွေးကို အစဉ်မြှင့်တင်ရန် တိုက်တွန်းမှာကြားကာ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော စာကြည့်တိုက်ကို တက္ကသိုလ်သုတေသနစင်တာသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားရှိမှုကို စစ်ဆေးပြီး ကျောင်းပရိဝုဏ်သန့်ရှင်းသာယာမှုကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3472 items
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
