ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေးနှင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / October 02, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီးဒေါ်နုမြဇံနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် ပုဂံကမ္ဘာ့အမွေအနှစ်‌ ဒေသအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဧရိယာအလိုက် ဆောင်ရွက်လျက်ရှိသော ဧရိယာ- C အတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကန္တာရပင်မှ သစ်ငုတ်များတူးထုတ်ခြင်းလုပ်ငန်းများကို လူအင်အား၊ စက်ယန္တရားငယ်များဖြင့် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် လုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းစေရေးဂရုပြုဆောင်ရွက်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသ အမြဲသန့်ရှင်းသပ်ရပ်မှုရှိစေရေး တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ ဒေသခံများနှင့်ပူးပေါင်း၍ အလေးထား ဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံ အမှတ် - ၁၈၁၂ (ထီးလိုမင်းလိုဘုရား) မြောက်ဘက် မဟာရံတံတိုင်းချင်မိတ်တိုးနှင့် အရှေ့ဘက် အာရုံခံတောင်ဘက် မုခ်ကပ်အနည်းငယ်ပဲ့ကျခြင်း၊ ရှေး‌ဟောင်းအဆောက်အအုံ အမှတ်-၁၀၄၂ (ဆင်ကအုတ်တိုက်) တောင်ဘက်နံရံနှင့် ပေါင်းကူးအမိုးပြိုကျမှုကို သွားရောက်ကြည့်ရှုပြီး ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ရေး၊ ရှေးဟောင်းအမွေအနှစ်လက်ရာများ ထိခိုက်မှုမရှိစေရေးနှင့် ရေရှည်ကြံ့ခိုင်စေရေး ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှေးဟောင်းအဆောက်အအုံ အမှတ် - ၁၁၉၂ (နဂါးရုံဘုရား) အနောက်ဘက်တံတိုင်း အောက်ခြေခုံပဲ့ကျခြင်းနှင့် ရှေးဟောင်းအဆောက်အအုံ အမှတ် - ၁၆၇ (ဓမ္မစေတီ)၏ ပစ္စယာအောက်ပိုင်း ပဲ့ကျခြင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ပျက်စီးမှုအခြေအနေများနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်မည့် အစီအစဉ်တို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပြုပြင် ထိန်းသိမ်းရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း Guideline များနှင့်အညီ စနစ်တကျဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။       

သတင်းစဉ်

Newspaper - 2949 items

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ အောက်တိုဘာ ၁၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 11, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ အောက်တိုဘာ ၁၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 10, 2024

Publication Date: 2024

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 09, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၆ ရက် ၊ အောက်တိုဘာ ၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 08, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက် ၊ အောက်တိုဘာ ၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 07, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ၊ အောက်တိုဘာ ၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 06, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ အောက်တိုဘာ ၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 05, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ အောက်တိုဘာ ၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 04, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ အောက်တိုဘာ ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 03, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download