ဒုတိယဝန်ကြီး ဦးအောင်မြိုင် ရထားလမ်းပိုင်းအခြေအနေများ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးအောင်မြိုင် ရထားလမ်းပိုင်းအခြေအနေများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / March 24, 2025
နေပြည်တော် မတ် ၂၃
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မတ် ၂၀ ရက်မှ ၂၂ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ သာစည် - ရွှေညောင်ရထားလမ်းပိုင်းအခြေအနေ၊ လွန်းထိုးနေရာများနှင့် ဆင်တောင် - မြင်းဒိုက်ဘူတာကြားရှိ ကမ်းပါးနီဥမင် အဝင်/အထွက်နေရာများ၊ အဆိုပါရထားလမ်းပိုင်းရှိ ရွှေမင်းဖုန်းဒေသတွင် ရေထုတ်မြောင်းတူးဖော်ခြင်းနှင့် ယာယီရှောင်ကွင်း ရထားလမ်းတာပေါင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆွေးနွေးမှာကြား
ကြည့်ရှုစစ်ဆေးစဉ် လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးလူအင်အား၊ ပစ္စည်းအင်အား၊ စက်ယန္တရားအင်အားများကို စနစ်တကျစုဖွဲ့ အသုံးပြု၍ စီမံဆောင်ရွက်သွားရန်နှင့် ရေမြောင်းများပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန် စေရေးစသည့်လုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပေါမူ - ထီသိမ် - တောင်ကြီးရထားလမ်းပိုင်းတွင် ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့် ရထားလမ်းအူကြောင်းတာပေါင် မြေကြီးလုပ်ငန်း၊ ရေထုတ်ပြွန် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း၊ Gabion Basket ကျောက်စီမြေထိန်းနံရံနှင့် ရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများကိုစစ်ဆေးပြီး တာပေါင်နေရာများအား သတ်မှတ် Compaction ရရှိအောင်မြေဖို့ ဖိကြိတ်ခြင်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ကွေ့ဒီဂရီ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေးစနစ်တကျစစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။
ထို့ပြင် တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်းရှိ တံတားနှင့်တာပေါင်များ ထိန်းသိမ်းမှုအခြေအနေကိုစစ်ဆေးပြီး ကျောက်ဖြည့်တင်းရန် လိုအပ်သည့်နေရာများတွင် ကျောက်ထပ်မံဖြည့်သွင်း၍ ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ လမ်းပိုင်းအတွင်းရှိ တံတားနှင့် Box Culvert များ ရေရှည်ခိုင်ခံ့မှုရှိစေရေး စနစ်တကျစစ်ဆေး၍ ထိန်းသိမ်းဆောင်ရွက်ရန်နှင့်ရေမြောင်းများ (Side Drains) စနစ်တကျ ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေး မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်
Newspaper - 3469 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
