နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆)သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / November 14, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၃

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆)သင်တန်း ဆင်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်း ကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။ အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်း စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။

ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်း အမှာစကားများ ပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆုများဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့် တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင် အကောင်းဆုံးဆု ရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှု ထမ်းသင်တန်းအမှတ်စဉ်(၁၆)မှ သင်တန်းဆင်း နိုင်ငံ့သားကောင်း စစ်သည်များအား တွေ့ဆုံအမှာ စကားပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၆)မှ သင်တန်းသားများအား ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့်ဘာသာရပ်များနှင့် အထွေထွေ ဘာသာရပ်များကို အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်း ဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေ ဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြ ပြီဖြစ်သည်။

ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းစစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ်ကျစွာလုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ (Team-Work) ရရှိခဲ့ပြီး နိုင်ငံချစ်စိတ် (Nationalism)၊ မျိုးချစ်စိတ် (Patriotism)၊ အဖွဲ့အစည်းစိတ် (Team Sprit)၊ ရဲဘော်ရဲဘက်စိတ် (esprit de corps) အပြည့်ဖြင့် တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ကြတော့မည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆)တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန် ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက် တာဝန်ထမ်းဆောင် သွားမည့်အခြေအနေများနှင့် ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်း စစ်သည်များ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိရပါသည်-

၁။      ကျွန်တော် ပြည်သူ့စစ်မှု ထမ်းသင်တန်းကို တက်ရောက်ရတဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ကလည်း ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်းလိုက်တဲ့အတွက်ကြောင့် မိဘကလည်းတိုက်တွန်း ပြီးတော့ ကျွန်တော်ကလည်း စစ်သားကောင်းတစ်ယောက် ဖြစ်ချင်တာနဲ့ တပ်မတော်ရဲ့ဂုဏ်ကို မြှင့်တင်ချင်တာနဲ့ ကျွန်တော်က ဒီထဲကိုဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ ကွာခြားသွားတဲ့ အရာတွေကတော့ အပြင်မှာဆို ကျွန်တော်ပေါ့ပေါ့ပါးပါးပဲ နေတာပါ။ ဒီမှာကျတော့ ကိုယ့်ဟာနဲ့ကိုယ်အကျင့်လေးတွေ ဖြစ်လာတယ်။ မနက်ဆို အိပ်ရာစောစောထ တတ်လာတယ်။ အရာအားလုံးကအကျင့်တွေနဲ့ပဲ အကုန်ဖြစ်လာတယ်။ စည်းကမ်းရှိလာတယ်။ မိဘတွေကလည်း ဒီလိုမျိုးဖြစ်စေ ချင်နေတာပါ။ ကျွန်တော်ကလည်း ဒီလိုမျိုးဖြစ်တာနဲ့ ကွက်တိသွားဖြစ်ပါတယ်။ ဒီတပ်မတော်ထဲ ဝင်လာတာမှန်တယ်လို့ပဲ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ နောက်လာမယ့် ညီတော်တွေကိုလည်း နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းကို တက်ရောက်ကြပါလို့ ကျွန်တော်ပြောချင်ပါတယ်။

၂။       ကျွန်တော် ဒီသင်တန်းမှာချေမှုန်းရေးဆုကို ရရှိခဲ့ပါတယ်။ စရောက်တဲ့အချိန်မှာ တော်တော် လေးပင်ပန်းပါတယ်။ နောက်ပိုင်းကျတော့ နည်းပြဆရာတွေ သင်ကြားပြသပေးတာတွေကို သေချာလိုက်လုပ်ပြီး ဆရာတွေရဲ့ ဆုံးမမှုတွေ၊ ဖေးမမှုတွေနဲ့ပဲ တဖြည်းဖြည်းနဲ့ နေသားကျလာပါတယ်။ ဒီဆုကိုရရှိဖို့အတွက် ဆရာတွေသင်ကြားပေးတဲ့ အရာတွေကို စာတွေ့ဖြစ်စေ၊ လက်တွေ့ ဖြစ်စေစနစ်တကျနဲ့ သေသေချာချာလေး လိုက်ပါဆောင်ရွက်တဲ့ အတွက်ကြောင့် ဒီဆုကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ပညာ အရည်အချင်းကတော့ ဒဿနိကဗေဒဘာသာရပ် ဖြစ်ပါတယ်။ ကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေကို မြေပြင်မှာ သေချာစွာစနစ်တကျ အသုံးပြုပြီးတော့ အမြဲတမ်း စစ်သည်ညီအစ်ကို နောင်တော် တွေနဲ့အတူ သေသေချာချာ ပူးပေါင်းဆောင်ရွက်သွားပါမယ်။ နောင်လာမယ့် ညီအစ်ကိုတွေကို ပြောချင်တာကတော့ နိုင်ငံတော်ကချမှတ်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လိုက်နာပြီးတော့ ဒီပြည်သူ့စစ်မှုထမ်း သင်တန်းကိုတက်ရောက်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

၃။      ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်ပြီဖြစ်တဲ့အတွက်ကြောင့် နိုင်ငံ့သားကောင်း တစ်ယောက်အနေနဲ့ ဥပဒေကို စောင့်ထိန်းရမယ်ဆိုတဲ့အသိနဲ့ ဒီသင်တန်းကို တက်ရောက်ခြင်း ဖြစ်ပါတယ်။ အရပ်သားဘဝနဲ့ စစ်မှုထမ်းဘဝက တော်တော်လေး ကွာခြားပါတယ်။ တပ်မတော် သားတစ်ယောက် ဖြစ်လာတဲ့အခါမှာ အရင်ကထက်ပိုပြီးတော့ စည်းကမ်း ကောင်းလာတယ်လို့ ထင်ပါတယ်။ ရရှိခဲ့တဲ့ ဆုအမျိုး အစားကတော့ လက်ဖြောင့်တပ်သားဆုဖြစ်ပါတယ်။ ဒီဆုကို ဘယ်လိုရအောင် ကြိုးစားခဲ့လဲဆိုတော့ နည်းပြဆရာတွေ သင်ခန်းစာပို့ချတဲ့ အချိန်မှာ စိတ်ပါဝင်စားစွာနဲ့ လေ့လာသင်ယူ မှတ်သားပြီးတော့ အာရုံစိုက်ပြီး လုပ်ခဲ့လို့ဖြစ်ပါတယ်။ ဒီအတတ် ပညာတွေကို အသုံးချပြီးတော့ နိုင်ငံတော်အပေါ် အသက်ပေးပြီးတော့ ကာကွယ်စောင့်ရှောက် သွားမယ်လို့ ခံယူထားပါတယ်။ သင်တန်းဆင်းပြီးကာလ ကျောင်းတော်ကြီးက သင်ကြားပေးလိုက် တဲ့ပညာရပ်တွေကို မြေပြင်မှာ လက်တွေ့အသုံးချပြီးတော့ အမြဲတမ်း စစ်မှုထမ်းညီအစ်ကိုတွေနဲ့ အတူတူတိုင်တိုင်ပင်ပင်နဲ့ ကျရာတာဝန်တွေကို ကျေပွန်စွာ ထမ်း ဆောင်မယ်လို့ ခံယူထားပါတယ်။

ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၆)မှ နိုင်ငံ့သားကောင်းစစ်သည်များအား သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲများ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။      

သတင်းစဉ်

Newspaper - 3349 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download