နိုင်ငံတော်နှင့် တပ်မတော်ဂုဏ်မြှင့်တင် အမျိုးသမီးများ စွမ်းစွမ်းတမံပါဝင်


Ministry of Information/ Naypyitaw / December 14, 2025
image_latest


အမျိုးသမီးများသည် အားနွဲ့သူများဖြစ်သော်ငြား နိုင်ငံအကျိုး၊ အများပြည်သူ အကျိုးစီးပွားအတွက်ဆိုလျှင် အမျိုးသားများနှင့်တန်းတူ ရင်ပေါင်တန်းဆောင်ရွက် နိုင်မှုများကို သမိုင်းကြောင်းတစ်လျှောက်တွင် တွေ့မြင်ရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တိုင်းကျိုးပြည်ပြုလုပ်ငန်းများတွင်သာမက နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင်ပါ ရှေ့တန်းမှနေ၍ စွမ်းစွမ်းတမံ ပါဝင်ထမ်းရွက်ခဲ့သည့် သမိုင်းမှတ်တမ်းများရှိသည်။

မြန်မာနိုင်ငံ တိုင်းတစ်ပါးလက်အောက်သို့ကျရောက်ပြီး တိုင်းတစ်ပါးကျွန်အဖြစ် နွံနစ်မခံလိုသော မြန်မာမျိုးချစ်သူရဲကောင်းများ နယ်ချဲ့ဆန့်ကျင်ရေး တွန်းလှန်လှုပ်ရှားချိန်တွင် အမျိုးသမီးသူရဲကောင်းများပါဝင်ခဲ့သည်ကို တွေ့ရသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင်လည်း မြန်မာအမျိုးသမီး ဝံသာနုခေါင်းဆောင်များ၏ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း သမိုင်းတွင် တွေ့မြင်ခဲ့ရသည်။ လွတ်လပ်ရေးရရှိပြီး ပြည်တွင်းသောင်းကျန်းမှုကာလ၌လည်း မြန်မာအမျိုးသမီးသူရဲကောင်းများ ပါဝင်ခဲ့ရာ သူရမချစ်ပိုဆိုသော အမျိုးသမီးသူရဲကောင်း၏ စွမ်းစွမ်းတမံ ရွပ်ရွပ်ချွံချွံ စွန့်စွန့်စားစားဆောင်ရွက်မှုများကို ကမ္ပည်းမော်ကွန်းရေးထိုးထားသည်။

မြန်မာအမျိုးသမီးများသည် ရှေးယခင်ကတည်းက လက်ရုံးတပ်ဖွဲ့၊ ကယ်ဆယ်ရေးတပ်ဖွဲ့နှင့် ၁၉၅၄ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည့် စစ်ဝန်ထမ်းတပ်ဖွဲ့များတွင် မိမိဆန္ဒအလျောက်ဝင်ရောက်ပြီး နိုင်ငံတော်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်များကို ဂုဏ်ယူဖွယ်ရာ မြင်တွေ့ရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင်လည်း မြန်မာအမျိုးသမီးများသည် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်အသီးသီးတွင်ပါ အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး တိုင်းကျိုးပြည်ပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် နိုင်ငံသူ နိုင်ငံသားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များတွင် ပါဝင်ဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည့်အတိုင်း မြန်မာအမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့်တန်းတူ ကာကွယ်ရေးတာဝန်များ ထမ်းဆောင်နေကြသည်ကို တွေ့ရသည်။ တပ်မတော်အနေဖြင့် အမျိုးသမီးတပ်ဖွဲ့ဝင်များကို နိုင်ငံတော်ကာကွယ်ရေးတာဝန်များတွင် အမျိုးသားစစ်သည်များနှင့်တန်းတူ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော် (ကြည်း)ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကို ဖွင့်လှစ်ပြီး လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသည်။ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းကို ဖွင့်လှစ်ခဲ့ရာ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂) ထိတိုင် မွေးထုတ်ပေးနိုင်ခဲ့သည်။

ထိုသို့ မွေးထုတ်ပေးလျက်ရှိခြင်းကြောင့် ယခုအခါ တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့များတွင် အမျိုးသမီးစစ်မှုထမ်းအရာရှိ ၉၀၀ ကျော် တာဝန် ထမ်းဆောင်နေကြပြီဖြစ်သည်။ အချို့အမျိုးသမီးတပ်ဖွဲ့ဝင်များအနေဖြင့် ကြမ်းတမ်းခက်ခဲသည့် အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) တာဝန်၊ စစ်ရေယာဉ်များပေါ်တွင် လိုက်ပါပြီး ပိုင်နက်ရေပြင်ကာကွယ်ရေးတာဝန်၊ အမျိုးသမီးလေသူရဲပျံသန်းရေးတာဝန်၊ လေထီးစစ်သမီးတာဝန်များနှင့် နယ်လှည့်ဆေးကုသရေးတာဝန်များကို ရဲဝံ့ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နေကြသည့်အပြင် နိုင်ငံပေါင်းစုံပါဝင်သည့် ပူးပေါင်းလေ့ကျင့်ရေးများနှင့် တပ်မတော်အဆင့် အားကစားပြိုင်ပွဲများတွင်လည်း ဆုတံဆိပ်များရရှိခဲ့သည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် “လက်ရှိကာလ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပေါ်နေသည့်အခြေအနေအရပ်ရပ်ကို ကြည့်မည်ဆိုပါက နိုင်ငံအတွင်း၌ နေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး၏စည်းလုံးညီညွတ်မှုတို့ကို မဖြစ်မနေတည်ဆောက်ထားရန် လိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်ခြင်းသည် နိုင်ငံတော် အင်အားကို တောင့်တင်းခိုင်မာစေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ့အကျိုးစီးပွားကိုလည်း ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသောစကားနှင့်အညီ တိုင်းပြည်ကို ပြည်တွင်းအင်အားဖြင့်သာ တည်ဆောက်ကြရမည်”ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်ကို ပြည်တွင်းအင်အားဖြင့် တည်ဆောက်ရာတွင် အမျိုးသမီးစစ်သည်များအနေဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်စွမ်းဆောင်လျက်ရှိသည်။ ထိုသို့စွမ်းဆောင်နိုင်ခြင်းသည် နိုင်ငံတော်နှင့်တပ်မတော်၏ဂုဏ်ကို မြှင့်တင်ခြင်းဖြစ်သကဲ့သို့ တစ်နည်းအားဖြင့် မြန်မာအမျိုးသမီးများ၏ ကိုယ်ရည်ကိုယ်သွေးမနိမ့်ကြောင်းကို ပြသနိုင်ခြင်းလည်းဖြစ်သည်။ သို့ဖြစ်ရာ အမျိုးသမီးစစ်သည်များသည် နိုင်ငံတော်နှင့် တပ်မတော်ကအားထားရသည့် အမျိုးသမီးအရာရှိကောင်းများအဖြစ် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း။ ။

Newspaper - 3410 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download