နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ကိုရီးယားသမ္မတနိုင်ငံသို့ ကြွရောက်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ကိုရီးယားသမ္မတနိုင်ငံသို့ ကြွရောက်
Ministry of Information/ Naypyitaw / May 24, 2026
နေပြည်တော် မေ ၂၃
ကိုရီးယားသမ္မတနိုင်ငံဆိုးလ်မြို့၌ မေ ၂၄ ရက်တွင် ကျင်းပမည့် “50 Years of Gratitude & Friendship, 100 Years of Mercy” အခမ်းအနားပါဝင်တက်ရောက်ရန် Korean Wave Culture Industry Forum (KWCIF) ၏ စီစဉ်ဖိတ်ကြားမှုဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသကြီးမှူးသည့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ကိုရီးယားသမ္မတနိုင်ငံသို့ ကြွရောက်ရာ ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းလေဆိပ်၌ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်၊ စစ်သံ(ကြည်း၊ ရေ၊ လေ) ရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ်ဝင့်သူနှင့် သံရုံးဝန်ထမ်းများက ကြိုဆိုကြသည်။
ထို့နောက် ဆိုးလ်မြို့ရှိ Jogyesa Temple ၌ ကျောင်းထိုင်ဆရာတော် Venerable Damhwa Wonmyeong နှင့် လည်းကောင်း၊ Office of the President of the Jogye Order ၌ Jogye Order of Korean Buddhism ၏ ၃၇ ယောက်မြောက်ဥက္ကဋ္ဌ Ven. Jinwoo နှင့် လည်းကောင်းတွေ့ဆုံသည်။
Jogyesa Temple သည် ကိုရီးယားနိုင်ငံဗုဒ္ဓဘာသာ Jogye Order ၏ အဓိက ဗဟိုဘုန်းတော် ကြီးကျောင်းဖြစ်ပြီး ၁၉၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ကာ ကိုရီးယားဗုဒ္ဓဘာသာ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများအတွက် အရေးပါသောနေရာတစ်ခုဖြစ်သည့်အပြင် ကိုရီးယားရိုးရာ ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသော Daeungjeon Hall (Main Buddha Hall)၊ နှစ်ရာချီသက်တမ်းရှိသော သစ်ပင်ကြီးများနှင့် ရိုးရာမီးပုံးပွဲတော်များကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်တစားလာရောက်ကြသည့်နေရာလည်း ဖြစ်သည်။
ယင်းနောက် ဆရာတော်နှင့်အဖွဲ့သည် Dongguk University ၏ ဥက္ကဋ္ဌ Yun Jae-woon နှင့်တွေ့ဆုံခြင်း၊ Dongguk University ရှိ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားခြင်းတို့ ဆောင်ရွက်ကြသည်။
ဆက်လက်၍ Buddhist Broadcasting System (BBS) ၏ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင်ပါဝင်ပြီး တရားဓမ္မဆိုင်ရာမေးမြန်းလျှောက်ထားမှု များအပေါ် မိန့်ကြားသည်။
BBS သည် ကိုရီးယားသမ္မတနိုင်ငံ၏ ပထမဆုံးသော ဗုဒ္ဓဘာသာရုပ်သံနှင့် ရေဒီယိုကွန်ရက်ဖြစ်ပြီး ရေဒီယိုအစီအစဉ်များအပြင် ရုပ်သံလိုင်း (BBS TV) များမှတစ်ဆင့် ဗုဒ္ဓစာပေ၊ ဝိပဿနာနှင့် ကိုရီးယား နိုင်ငံနှင့် နိုင်ငံတကာဗုဒ္ဓဘာသာသတင်းများကို တင်ဆက်လျက်ရှိသည်။
ယနေ့ နံနက်ပိုင်းတွင် ဆရာတော်ကြီးနှင့် အဖွဲ့သည် UNESCO ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် မှတ်တမ်းဝင်ဖြစ်သော Bulguksa Temple ၌ Venerable Jongcheon နှင့် လည်းကောင်း၊ Tongdosa Temple ၌ Venerable Hyeon-deok နှင့်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3535 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
