နွားထိုးကြီးမြို့နယ်တွင် ကျေးရွာများမှ အဖိုးတန်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်ယူဆောင်သွားကြောင်း မဟုတ်မမှန်လုပ်ကြံရေးသားလျက်ရှိ
နွားထိုးကြီးမြို့နယ်တွင် ကျေးရွာများမှ အဖိုးတန်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်ယူဆောင်သွားကြောင်း မဟုတ်မမှန်လုပ်ကြံရေးသားလျက်ရှိ
Ministry of Information/ Naypyitaw / September 20, 2024

နေပြည်တော်စက်တင်ဘာ ၂ဝ
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်က ကျေးရွာအတွင်း နေအိမ်များမှပစ္စည်းများနှင့် ကားလမ်းမကြီးတစ်လျှောက်ရှိ ကုန်စုံဆိုင်၊ ဖုန်းဆိုင်များမှပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်ယူဆောင်နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ စက်တင်ဘာ ၁၇ ရက်က နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာကို PDF အမည်ခံအကြမ်းဖက်သမားက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်သေဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထို့နောက် စက်တင်ဘာ ၁၈ ရက်တွင်လည်း ဝက်လူးကျေးရွာကို လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်များမှပစ္စည်းများကို လုယက်ယူဆောင်ခြင်းမရှိခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများက PDF အမည်ခံအကြမ်းဖက်သမား၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးသွားခဲ့သည်ကို ဖုံးကွယ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
Newspaper - 3170 items

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၁၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၁၆ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၁၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download