ပီလောပီနံမှ စားသောက်ကုန်ချောထုတ်လုပ်မှုသရုပ်ပြ၊ အာလူးအစားထိုး ပီလောပီနံ အစားအစာများ စမ်းသပ်ဆောင်ရွက်
ပီလောပီနံမှ စားသောက်ကုန်ချောထုတ်လုပ်မှုသရုပ်ပြ၊ အာလူးအစားထိုး ပီလောပီနံ အစားအစာများ စမ်းသပ်ဆောင်ရွက်
Ministry of Information/ Naypyitaw / May 13, 2025

နေပြည်တော် မေ ၁၂
ပီလောပီနံမှ စားသောက်ကုန်ချောထုတ်လုပ်မှုသုတေသနပြု စမ်းသပ်ခြင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန ရိတ်သိမ်းချိန်လွန် အင်ဂျင်နီယာဓာတ်ခွဲခန်း (ရေဆင်း) ၌ ကျင်းပသည်။
အဆိုပါစမ်းသပ်သုတေသနပြုရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်တို့နှင့် ကြုံတွေ့ရချိန်တွင် ဆန်အပြင် မိမိဒေသတွင်း ရရှိနိုင်သည့် သီးနှံ၊ ဟင်းသီးဟင်းရွက်နှင့် မြစ်စားသီးနှံများ၊ ကစီဓာတ်ကြွယ်ဝသော သီးနှံများကို ပုံစံမျိုးစုံဖြင့် စားသုံးတတ်ရန် ပညာပေးစီမံဆောင်ရွက်ပေးခြင်းဖြင့် စားရေရိက္ခာဖူလုံရေးစီမံဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ ဖူဖူခေါ် အာဖရိကနိုင်ငံများတွင် စားသုံးသည့် ပီလောပီနံအခြေခံစားသောက် ဖွယ်ပြုလုပ်သုံးစွဲမှုနှင့် လိုအပ်သလို မြန်မာမှုပြုနိုင်ရန် စမ်းသပ်ချက်လုပ်စေခြင်းဖြစ်ကြောင်း၊ အလားတူမိမိတို့နိုင်ငံရှိ တိုင်းရင်းသားရိုးရာ အစားအစာများကိုလည်း ပြန်လည်ဖော်ထုတ်ထိန်းသိမ်းပြီး ဒေသစားသုံးမှုပုံစံ၊ စားသုံးမှုစနစ်များကို မှတ်တမ်းတင်ထားရမည်ဖြစ်ကြောင်း၊ ဆန်တို့ဟူး၊ ဝတုံ၊ ဆီတို့ဟူး၊ ဟင်းပေါင်း၊ ကယားဝက်အူချောင်း အစရှိသည့် ဒေသအလိုက် အစားအစာများကို ဆန်းသစ်တီထွင်ခြင်းများ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ပါက အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးကိုပါ အထောက်အကူပြုစေမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက ပီလောပီနံမှ ဖူဖူအပြင်အခြားစားသောက်ကုန်ပစ္စည်းများ ပြုလုပ်ပုံအဆင့်ဆင့်နှင့် ပြည်တွင်းပြည်ပမှ စားသုံးသူများ၏ စားသုံးမှုပုံစံအမျိုးမျိုးကိုလည်းကောင်း၊ အာလူးအစားထိုးပီလောပီနံစမူဆာ၊ ပီလောပီနံခေါပုပ်များ စမ်းသပ်ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ရှင်းလင်းပြသကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး ပီလောပီနံအခြေခံစားသောက်ဖွယ်ရာများ ထုတ်လုပ်သည့်နည်းပညာ၊ ဗဟုသုတများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3198 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
