ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၅၀၀ ကေဗွီဘုရားကြီးဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်း တိုးတက်မှုအခြေအနေ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / October 02, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်း တိုးတက်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်းများဆောင်ရွက်နေမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အား၊ စက်ယန္တရားအင်အားကို ပိုမိုတိုးချဲ့စုဖွဲ့၍ ဟန်ချက်ညီပြီးစီးနိုင်ရေး အင်တိုက်အားတိုက်ဆောင်ရွက်သွားရန်၊ လုပ်ငန်းများအလိုက် ပြီးစီးရမည့် အချိန်ဇယားများရေးဆွဲထားပြီး ၎င်းအချိန်ဇယားများအတိုင်း ပြီးစီးနိုင်ရေးအဆင့်ဆင့်ကြပ်မတ်၍ အရည်အသွေးစံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်သွားရန်၊ ပစ္စည်းများ အချိန်မီရောက်ရှိရေး၊ ရောက်ရှိပြီးပစ္စည်းများ ပျက်စီးမှုမရှိစေရေး စနစ်တကျ ထားသိုထိန်းသိမ်းသွားရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building နှင့် Switch Yard တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထရန်စဖော်မာများ၊ Shunt Reactor တပ်ဆင်နေမှုနှင့် Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယခုအကောင်အထည်ဖော်တည်ဆောက်လျက်ရှိ သည့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးပါက ၅၀၀ ကေဗွီဓာတ်အားလိုင်းစနစ်ဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ပို့လွှတ်နိုင်မည်ဖြစ်သည်။ ယခုအခါ ၅၀၀ ကေဗွီဓာတ်အားခွဲရုံများ တည်ဆောက်နေဆဲကာလတွင် ၂၃၀ ကေဗွီဗို့အားဖြင့် လျှပ်စစ်ဓာတ်အားများ စတင်ပို့လွှတ်ပေး လျက်ရှိပြီး ၅၀၀ ကေဗွီစနစ်ဖြင့် ပို့လွှတ်နိုင်ရန်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းအပါအဝင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၇ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 2949 items

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ အောက်တိုဘာ ၁၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 11, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ အောက်တိုဘာ ၁၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 10, 2024

Publication Date: 2024

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 09, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၆ ရက် ၊ အောက်တိုဘာ ၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 08, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက် ၊ အောက်တိုဘာ ၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 07, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ၊ အောက်တိုဘာ ၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 06, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ အောက်တိုဘာ ၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 05, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ အောက်တိုဘာ ၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 04, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ အောက်တိုဘာ ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 03, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download