ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဆေးရုံတက်ရောက်ကုသနေသောလူနာများ ကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဆေးရုံတက်ရောက်ကုသနေသောလူနာများ ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / November 23, 2024
မန္တလေး နိုဝင်ဘာ ၂၂
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးမှ ဝန်ထမ်းများအားတွေ့ဆုံပြီး ဆေးရုံတက်ရောက်ကုသနေသော လူနာများကို ကြည့်ရှုအားပေးသည်။
ဦးစွာ ဆေးရုံအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးက ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုး ယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် လိုအပ်ကြောင်း၊ ဆေးကုသမှု ဝန်ဆောင်မှုကို ယခုထက်ပိုမို ထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန်မှာကြားပြီး လုပ်ငန်းလိုအပ် ချက်များကို မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာန၌ လာရောက်ပြသသည့် ပြင်ပလူနာများအား ဆေးဝါးကုသပေးနေမှုအခြေအနေများ၊ အတွင်းလူနာအဖြစ်ကုသပေးသည့် ကုသဆောင်များ၊ ကျောက်ကပ်သန့်စင်ဆေးကြောနေသည့် လူနာဆောင်သို့သွားရောက်၍ ဆေးဝါးကုသမှု ခံယူနေသည့် အာမခံအလုပ်သမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ ထောက်ပံ့ငွေများပေးအပ်သည်။
မန္တလေးတိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံ အလုပ်သမားဦးရေ ၁၂၃၄၄၅ ဦးကျော်ရှိပြီး အဆိုပါအာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မန္တလေးအလုပ်သမား ဆေးရုံကြီး၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၁၃ ခန်း၊ ဌာနကြီးဆေးခန်းကိုးခန်း၊ စာချုပ်ဆေးခန်း ခုနစ်ခန်းတို့ ဖွင့်လှစ်၍ ဧပြီလမှ အောက်တိုဘာလအထိ အာမခံအလုပ်သမားလူနာပေါင်း ၆၉၉၁၀ ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုထိရောက်လွယ်ကူစေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့်စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် Fee For Service Payment ဆေးခန်း ၆၃ ခန်း၊ Capitation Payment ဆေးခန်းရှစ်ခန်းနှင့် မီးဖွားခြင်းနှင့်ဆိုင်သော ဆေးရုံ/ဆေးခန်း ၁၆ ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးတွင် ဧပြီလမှအောက်တိုဘာလအထိ လူနာဦးရေ ၄၄၇၉ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ် ၄၆၃ ဒသမ ၄၀၈ သန်း ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 2990 items
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download