ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားတွင် ပါဝင်ကပြဖျော်ဖြေဆောင်ရွက်ကြမည့်ဝန်ထမ်းများ အစမ်းလေ့ကျင့်နေမှုကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားတွင် ပါဝင်ကပြဖျော်ဖြေဆောင်ရွက်ကြမည့်ဝန်ထမ်းများ အစမ်းလေ့ကျင့်နေမှုကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / November 30, 2024
နေပြည်တော် နိုဝင်ဘာ ၂၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တည်းခိုရေးစခန်း (ရွာတော်) ၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားတွင် ပါဝင်ကပြဖျော်ဖြေကြမည့် အနုပညာဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး)၊ အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း (မန္တလေး)၊ ကရင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့တို့မှ အင်အား ၃၅၀ ဖြင့် အကအစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
စားသောက်ဖွယ်ရာများထောက်ပံ့
ပြည်ထောင်စုဝန်ကြီးက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အကနည်းပြဆရာမများ၊ အနုပညာရှင်ဝန်ထမ်းများနှင့် ကရင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့တို့မှ ကျောင်းသူများကို ယခုကဲ့သို့ ကြိုးကြိုးစားစားလေ့ကျင့်နေကြသည်ကို တွေ့ရသည့်အတွက် ဝမ်းသာပါကြောင်း၊ နိုင်ငံတော်အဆင့်အခမ်းအနားကြီး၌ ပါဝင်ဖျော်ဖြေတင်ဆက်ခွင့်ရခြင်းဖြစ်၍ ဂုဏ်ယူစရာဖြစ်ကြောင်း၊ အတွေ့အကြုံများလည်းရပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများလည်းရပါကြောင်း၊ ပျော်ပျော်ရွှင်ရွှင်ဖြင့် ကပြဖျော်ဖြေတင်ဆက်သွားရန် တိုက်တွန်းပါကြောင်း အားပေးစကားပြောကြားပြီး အားဖြည့်အချိုရည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးသည်။
ယှဉ်ပြိုင်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေး
ဆက်လက်၍ ဖူဆယ် (အမျိုးသား) အားကစားနှင့် ဘော်လီဘော (အမျိုးသား) အားကစားလေ့ကျင့်နေသည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများကို တွေ့ဆုံအားပေးစကားပြောကြားကာ အားဖြည့်အချိုရည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးပြီး စွမ်းအင်ဝန်ကြီးဌာန ဘော်လီဘောအသင်းနှင့် ယှဉ်ပြိုင်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကိုယ်စားပြုဘောလုံးအသင်း၊ ဖူဆယ် (အမျိုးသား) အသင်း၊ ဘော်လီဘော (အမျိုးသား) အသင်း၊ (အမျိုးသမီး) အသင်း၊ ပိုက်ကျော်ခြင်းအသင်း၊ ပြေးခုန်ပစ်အသင်းတို့တွင် စုစုပေါင်းအုပ်ချုပ်သူ / နည်းပြ အပါအဝင် အားကစားသမား ၁၁၅ ဦးသည် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းခြောက်မျိုး ပါဝင်ယဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3006 items
၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက်၊ ဒီဇင်ဘာ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက်၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက်၊ ဒီဇင်ဘာ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 06, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့၊ နိုဝင်ဘာ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download