ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ (၅၈)ကြိမ်၊ (၅၉)ကြိမ်နှင့် အကြိမ်(၆၀)မြောက် ဘွဲ့နှင်းသဘင်ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်


Ministry of Information/ Naypyitaw / March 24, 2025
image_latest


ရန်ကုန် မတ် ၂၃

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်အားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ (၅၈)ကြိမ်၊ (၅၉)ကြိမ်နှင့်အကြိမ်(၆၀) မြောက်ဘွဲ့နှင်းသဘင်ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ညနေပိုင်းတွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်၏မြက်ခင်းပြင်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဘွဲ့ရကျောင်းသား ကျောင်းသူများ၏ မိဘများ တက်ရောက်ကြသည်။

ဦးစွာ ဆေးတက္ကသိုလ်ကျောင်းသူများက “မင်္ဂလာပါ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဘွဲ့ရမောင်မယ်တို့မှာ မှန်ကန်သည့်ရည်မှန်းချက်ပန်းတိုင်ထားပြီး ကြိုးစားခဲ့ကြသည့်အတွက် ယခုကဲ့သို့ အောင်မြင်စွာဖြင့် သက်ဆိုင်ရာဘွဲ့အသီးသီးကို ထိုက်တန်စွာရရှိခဲ့ကြခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားခဲ့ခြင်းနှင့် အခြေအနေအမျိုးမျိုးတို့ကြောင့် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍ တွင်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုန်းတီးခဲ့ရကြောင်း၊ သို့သော် အခက်အခဲများကြားက မောင်တို့မယ်တို့ကဲ့သို့ နိုင်ငံတော်အပေါ် သစ္စာရိုသေစောင့်သိကြသည့် ကျန်းမာရေးဝန်ထမ်းကောင်း များ၏ ကြံ့ကြံ့ခံကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မောင်တို့မယ်တို့ မျိုးဆက်သစ်ဆရာဝန်များအနေဖြင့် နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုခိုင်မာတောင့်တင်းလာစေရန် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း ကို ယခင်ကထက်အဆများစွာ သာလွန်မြင့်မားလာစေရန် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ဝိုင်းဝန်းကြိုးပမ်း တာဝန်ယူဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေက ဂုဏ်ပြုညစာစားပွဲ အထိမ်းအမှတ်လက်ဆောင်များကိုပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ဆေးပညာနောက်ဆုံးနှစ်အပိုင်း(ခ)တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူငါးဦးကို သက်ဆိုင်ရာပါမောက္ခ/ဌာနမှူးများက ဂုဏ်ပြုတံဆိပ်များပေးအပ်ချီးမြှင့်ကာ ဘွဲ့ရကျောင်းသား ကျောင်းသူများက အကအလှများဖြင့် သီဆိုဖျော်ဖြေကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆေးတက္ကသိုလ်(၁)ဘွဲ့နှင်းသဘင် အခမ်းအနားများ၌ (၅၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ဆေးလက်တွေ့ပါရဂူဘွဲ့ ၇၅ ဦး၊ ပါရဂူဘွဲ့ကိုးဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၁၅၃ ဦး၊ ဒီပလိုမာဘွဲ့ ၂၀ နှင့် ဆေးပညာဘွဲ့ ၆၀ တို့ကိုလည်းကောင်း၊ (၅၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဆေးလက်တွေ့ပါရဂူဘွဲ့ ၂၅ ဦး၊ ပါရဂူဘွဲ့နှစ်ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၂၀၊ ဒီပလိုမာဘွဲ့ကိုးဦးနှင့် ဆေးပညာဘွဲ့ ၁၁၅ ဦးတို့ကိုလည်းကောင်း၊ အကြိမ်(၆၀)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဆေးလက်တွေ့ပါရဂူဘွဲ့ ၁၈ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၆၁ ဦး၊ ဒီပလိုမာဘွဲ့ ၁၁ ဦးနှင့် ဆေးပညာဘွဲ့ ၁၇၈ ဦးတို့ကိုလည်းကောင်း ဘွဲ့များချီးမြှင့်အပ်နှင်းသည်။

ဆေးတက္ကသိုလ်(၁) ရန်ကုန်ကို ၁၉၀၇ ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုဘွဲ့နှင်းသဘင်အပါအဝင် ဆေးတက္ကသိုလ်(၁) ရန်ကုန်မှမွေးထုတ်ပေးခဲ့သည့် ဆရာဝန်ပေါင်း ၁၈၁၄၄ ဦးရှိခဲ့ပြီး ဆေးလက်တွေ့ ပါရဂူဘွဲ့ ၆၆၄ ဦး၊ ပါရဂူဘွဲ့ ၁၃၀၊ ဆေးပညာ မဟာသိပ္ပံ ၄၂၇၅ ဦးနှင့် ဒီပလိုမာဘွဲ့ ၁၈၂၄ ဦးတို့ကို အောင်မြင်စွာ လေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3500 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download