ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဘူတန်အရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဘူတန်အရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်
Ministry of Information/ Naypyitaw / April 16, 2025
နေပြည်တော် ဧပြီ ၁၅
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ဘူတန်အရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတက်ရောက်သူများသည် မန္တလေးငလျင်ကြီးတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ တစ်မိနစ်ငြိမ်သက်ကြသည်။ ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စားအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ငလျင်ဘေးတုံ့ပြန်ရေး ဆောင်ရွက်ရာတွင် ဘူတန်နိုင်ငံဘုရင်မင်းမြတ်၏ လမ်းညွှန်မှုဖြင့် ဘူတန်နိုင်ငံမှ အရေးပေါ်ဆေးအကူအညီအား ရက်ပိုင်းအတွင်းစေလွှတ်၍ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်း ပေါင်းလောင်းယာယီဆေးရုံ၌ ဧပြီ ၁ ရက်မှ ၁၄ ရက် အထိ အရေးပေါ်လူနာပေါင်း ၃၀၀၀ ကျော်အား ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည့်အတွက် ထိခိုက်ခံခဲ့ရသည့် မိသားစုများ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ဧပြီ ၅ ရက်တွင် ဗန်ကောက်မြို့၌ ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘူတန်နိုင်ငံဝန်ကြီးချုပ် နှင့်တွေ့ဆုံခဲ့ပြီး ဘူတန်ဘုရင်မင်းမြတ်က မြန်မာနိုင်ငံတွင် ငလျင်အကြီးအကျယ်ဖြစ်ပွားမှုအတွက် ဝမ်းနည်းကြောင်းဖော်ပြခဲ့ပြီး ဆေးဘက်ဆိုင်ရာ အကူအညီများ လျင်မြန်စွာစေလွှတ်ပေးခဲ့သည့်အတွက် ဘူတန်ဘုရင်မင်းမြတ်၊ ဘူတန်နိုင်ငံအစိုးရနှင့် ပြည်သူများအား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့်ဘူတန်နိုင်ငံအစိုးရတို့အကြား ရှေးယခင်ကပင်ဆေးပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် ၁၉၉၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ဘူတန်နိုင်ငံမှ ဆေးပညာတော်သင်များ လာရောက် ပညာသင်ကြားခဲ့ကြကာ အထူးကုဆရာဝန်ဘွဲ့များရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမှ အထူးကုဆရာဝန်များသည်လည်း ဘူတန်နိုင်ငံတွင်တာဝန်ထမ်းဆောင်နေမှုများရှိပြီး ယခုဆေးအဖွဲ့နှင့်အတူ ဆေးတက္ကသိုလ်(၁)တွင် ပညာသင်ကြားခဲ့သည့် ဘူတန်နိုင်ငံမှ အထူးကုဆရာဝန်များနှင့် ဘူတန်နိုင်ငံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာနိုင်ငံသား ဆရာဝန်များပါလာရောက်၍ ဆေးကုသမှုများပေးခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူများအတွက် ကျန်းမာရေးဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စား ဘူတန်နိုင်ငံအရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းတင်လွှာနှင့် အမှတ်တရလက်ဆောင် များပေးအပ်ခဲ့ပြီး ဘူတန်နိုင်ငံအရေးပေါ်ဆေးအဖွဲ့ခေါင်းဆောင် Mr. Tashi Wangyal က ဆေးအဖွဲ့ကိုယ်စား အမှတ်တရလက်ဆောင်ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ဘူတန်နိုင်ငံမှဆေးအဖွဲ့ခေါင်းဆောင် Mr. Tashi Wangyal က ကျေးဇူးတင် စကားပြန်လည်ပြောကြားရာတွင် ဘူတန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားမှုများကို ကိုယ်ချင်းစာစိတ်ဖြင့်ခံစားရပါကြောင်း၊ မိမိတို့ဘူတန်အရေးပေါ်ဆေးအဖွဲ့အနေဖြင့် ဧပြီ ၁ ရက်မှစတင်၍ နှစ်ပတ်ကြာ အရေးပေါ်ဆေးကုသမှုများ ဆောင်ရွက်ခဲ့ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်ပေးမှုများကြောင့်များစွာ အဆင်ပြေခဲ့ပါကြောင်း၊ ဆေးကုသမှုများအပြင် သန့်ရှင်းသောရေရရှိရေးလုပ်ငန်းစဉ်များတွင် လည်း ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် မြန်မာပြည်သူများအနေဖြင့် လျင်မြန်စွာပြန်လည် ထူထောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး မြန်မာ့ရိုးရာသပြေခက်နှင့်ရေစင်များ အပြန်အလှန်ပက်ဖျန်းခြင်း၊ မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်ခြင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3374 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
