ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး တိုင်းဒေသကြီး/ ပြည်နယ်များ၌ ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားစာပေသင်ကြားရေး အထောက်အကူပြုနှင့် တိုင်းရင်းသားစာပေသင်ကြားရေး ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး တိုင်းဒေသကြီး/ ပြည်နယ်များ၌ ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားစာပေသင်ကြားရေး အထောက်အကူပြုနှင့် တိုင်းရင်းသားစာပေသင်ကြားရေး ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Ministry of Information/ Naypyitaw / May 13, 2025
နေပြည်တော် မေ ၁၂
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားစာပေသင်ကြားရေးနှင့် စာပေသင်ကြားရေး အထောက်အကူပြုဝန်ထမ်းများ ခန့်ထားရေးကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant-TA၊ Language Teacher-LT ဆရာ ဆရာမများ ခန့်ထားနိုင်ရေးကိစ္စနှင့် ပတ်သက်၍ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင်ကာ ပညာရေးဝန်ကြီးဌာနနှင့် စံပြုအချက်များပြုစု၍ စနစ်တကျ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ဝန်ကြီးဌာနများသည် မိမိတို့၏လုပ်ငန်း၊ ကဏ္ဍအလိုက်တိုင်းရင်းသားပြည်သူများအတွက် ဆောင်ရွက်ကြရသည်ဖြစ်ရာ တိုင်းရင်းသားများအတွက် အထူးဆောင်ရွက်ပေးသည့် ပညာရေးဝန်ကြီးဌာနအား ကျေးဇူးတင်ရှိပါကြောင်း၊ တက်ရောက်လာကြသူများ အားလုံးအနေဖြင့်လည်း တိုင်းရင်းသားစာပေသင်ကြားရေး ကိစ္စရပ်များနှင့် ပတ်သက်၍ လက်ရှိကြုံတွေ့နေရသည့် အခြေအနေများကို ပိုမိုကောင်းမွန်လာစေရန် ရှေးရှုပြီး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပညာရေးဝန်ကြီးဌာနသည် တိုင်းရင်းသားဘာသာစကား၊ စာပေသင်ကြားသင်ယူမှုနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant-TA ၊ Language Teacher-LT ဆရာ ဆရာမများ ခန့်ထားရေးကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်မှ သတ်မှတ်ပြဋ္ဌာန်းထားသည့် မူဘောင်များရှိပြီး အခက်အခဲများကို အတူတကွပြန်လည်ညှိနှိုင်းဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပညာရေးဝန်ကြီးဌာနအနေဖြင့် TA ၊ LT ဆရာ၊ ဆရာမ လျှောက်လွှာများ ခေါ်ယူရေးကိစ္စ၊ တိုင်းရင်းသားစာပေသင်ရိုးညွှန်းတမ်းစာအုပ်များ ပိုမိုပုံနှိပ်ထုတ်ဝေနိုင်ရေးကိစ္စ၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အရည်အသွေးမြှင့်အထောက်အကူပြုသင်တန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နီးစပ်ရာဒေသများတွင် ဖွင့်လှစ်ပေးနိုင်ရေးကိစ္စရပ်များကို ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားစာပေသင်ကြားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားစာပေသင်ကြားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3466 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
