ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် 2nd Cocom နှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီအစည်းအဝေးသို့ တက်ရောက်


Ministry of Information/ Naypyitaw / June 15, 2025
image_latest


ရန်ကုန် ဇွန် ၁၄

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူးများနှင့်အတူ ဇွန် ၁၀ ရက်မှ ၁၃ ရက်အထိ ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် 2nd Cocom နှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၁၁ ရက်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပပြုလုပ်မည့်အားကစားကွင်း၊ အားကစားရုံများ၊ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများကျင်းပမည့် Rajama ngala National Stadium ၊ ရေကူးကန်၊ Indoor Stadium Huamark ၊ THAI Cycling Hall of Fame ၊ Archery Field များသို့ သွားရောက်လေ့လာခဲ့သည်။

ဇွန် ၁၂ ရက်ကလည်း ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဟိုတယ်ခရီးနှင့်အားကစားဝန်ကြီးဖြစ်သူ H.E Mr. Sorawong Thienthong နှင့်တွေ့ဆုံ၍ မြန်မာအသင်း လာရောက်ယှဉ်ပြိုင်သည့်အခါတွင် အားကစားကွင်း၊ အားကစားရုံများ၌ ကြိုတင်ပြင်ဆင်လေ့ကျင့်ခွင့်၊ ပိုမိုထိတွေ့ ခွင့်ရရှိစေရေးတို့အတွက် တတ်စွမ်းသမျှကူညီပေးရန် ဆွေးနွေးညှိနှိုင်းခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ 2nd Cocom နှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီအစည်းအဝေးသို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Dato Seri Chaiyapak Siriwat၊ (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ H.E Mr. Sorawong Thienthong နှင့် ထိုင်းအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌအသစ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံ အမျိုးသားကော်မတီဥက္ကဋ္ဌတို့က တက်ရောက်လာသည့်ကောင်စီဝင်များအား တရားဝင်ဖိတ်ကြားလွှာများပေးအပ်ခြင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်က ဘန်ကောက်မြို့၌ကျင်းပခဲ့သည့် အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်ကောင်စီအစည်းအဝေး၏ လုပ်ငန်းစဉ်များ သုံးသပ်ခြင်းနှင့်အတည်ပြုခြင်း၊ ၂၀၂၄ ခုနှစ် အစည်းအဝေးမှတ်တမ်းပါ ကိစ္စရပ်များအပေါ် ဆွေးနွေးရှင်းလင်း အတည်ပြုခြင်း၊ SEAGF ရုံး၏ COO ရာထူးအား CEO အမည်အသစ်အဖြစ် ပြန်လည်ခန့်အပ်ရန် အဆိုပြုချက်ကို သုံးသပ်အတည် ပြုခြင်း၊ SEAGF Honorary Membership များအဖြစ် Dr. Varin Tansuphasiri ၊ Dato’Low Beng Chooနှင့် Mr. CHAN Seng Heng Christopher သုံးဦးတို့အား ခန့်အပ်ခြင်းနှင့် အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်ရုံး၏ အစီရင်ခံစာကို ဆွေးနွေးအတည်ပြုခြင်းတို့ ဆောင်ရွက်ကြသည်။

မွန်းလွဲပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည့် အားကစားနည်း ၅၀နှင့် ပြိုင်ပွဲကျင်းပမည့် အားကစားကွင်း၊ အားကစားရုံများ၊ အစီရင်ခံစာနှင့် ရုပ်သံလွှင့်ခြင်းဆိုင်ရာ အစီရင်ခံစာကို ဖတ်ကြားတင်ပြခြင်းနှင့် ၂၀၂၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အစီရင်ခံစာဖတ်ကြားတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (South East Asia Games) အမည်ကိုသာ ဆက်လက်ခေါ်ဝေါ်သုံးစွဲသွားရန် ဆုံးဖြတ်ခဲ့ကြသည်။

သတင်းစဉ်

Newspaper - 3502 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download