ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ (၁/၂၀၂၅) အစည်းအဝေး ကျင်းပ
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ (၁/၂၀၂၅) အစည်းအဝေး ကျင်းပ
Ministry of Industry/ Ministerial Office / January 16, 2025
နေပြည်တော်၊ ဇန်နဝါရီ (၈)
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။ ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများသည် Virtual စနစ်ဖြင့် သတ်မှတ်နေရာအသီးသီးမှ ပါဝင်တက်ရောက်သည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် ကျင်းပရေးဦးစီးကော်မတီ၏ (၁/၂၀၂၅) အစည်းအဝေး၌ ဆပ်ကော်မတီများအလိုက် အဆိုပြုတင်ပြလာမှုများ၊ ပြခန်းများနေရာချထားမှုများ အတည်ပြုပေးရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသွားရန်အတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ (၂၆.၁၂.၂၀၂၄)ရက်နေ့တွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် အတည်ပြုရမည့်ကိစ္စရပ်များကို ဆွေးနွေးထားပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် တက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များမှ အဆိုပြုတင်ပြလာမှုကို အတည်ပြုပြီးပါက ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များအလိုက် စတင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှလည်း ဒေသတွင်း MSME များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်၊ ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက် ဒေသထွက်ကုန်များကို ပြည်ထောင်စု အဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ပြသရောင်းချခြင်းသည် အကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ဦးဆောင်ပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည့်ပြပွဲပြိုင်ပွဲတွင် အင်တိုက်အားတိုက် လာရောက်ပူးပေါင်းဆောင်ရွက်ပြီး မြိုင်မြိုင်ဆိုင်ဆိုင်နှင့် ပါဝင်သွားကြရန် မှာကြားလိုကြောင်း၊ ယခုဆွေးနွေးပွဲတွင် ကျင်းပရေးဦးစီးကော်မတီ၏ အတည်ပြုဆုံးဖြတ်ရန်ကိစ္စရပ်များကို ဆွေးနွေးအတည်ပြုမည်ဖြစ်သည့်အတွက်ကြောင့် တင်ပြလိုသည်များကို ပွင့်ပွင့်လင်းလင်းနှင့် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုပေးရန် ပြောကြား သည်။
အစီအစဉ်အရ နေပြည်တော်ကောင်စီဥက္ကဋ္ဌက MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆပ်ကော်မတီများ ဖွဲ့စည်းမှုနှင့် အဆိုပြုမှုများအား ကျင်းပရေးဦးစီးကော်မတီမှ အတည်ပြုပေးပါရန် တင်ပြခဲ့မှုအခြေအနေများကိုလည်းကောင်း၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက ဆပ်ကော်မတီအလိုက် အဆိုပြုဖွဲ့စည်းမိန့်နှင့် ဆောင်ရွက်မည့်လုပ်ငန်း တာဝန်များကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က ပြခန်းများနေရာချထားမှုနှင့်စပ်လျဉ်း၍ အတည်ပြုရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီဥက္ကဋ္ဌများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြခန်းများနှင့် ရိုးရာအစားအသောက်ခန်းများ ပါဝင်ပြသ ရောင်းချမည့်အခြေအနေတို့ကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တက်ရောက်လာသူများမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
Newspaper - 3378 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
