မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ ဘိန်းဖြူသယ်ဆောင်ရောင်းဝယ်သူများကို ငွေကျပ်သိန်း ၉၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၄ ဒသမ ၃၅ ကီလိုကျော်နှင့်အတူ ဖမ်းဆီးရမိ
မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ ဘိန်းဖြူသယ်ဆောင်ရောင်းဝယ်သူများကို ငွေကျပ်သိန်း ၉၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၄ ဒသမ ၃၅ ကီလိုကျော်နှင့်အတူ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / June 22, 2025
နေပြည်တော် ဇွန် ၂၁
မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ ဘိန်းဖြူသယ်ဆောင်ရောင်းဝယ်သူများကို ငွေကျပ်သိန်း ၉၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၄ ဒသမ ၃၅ ကီလိုကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၀ ရက် ည ၈ နာရီတွင် စစ်ကိုင်းမြို့ တကောင်းရပ်ကွက်အနီး မန္တလေးမှ ကလေးသို့ ကျော်စွာလင်းမောင်းနှင်လာသည့် PAJERO မော်တော်ယာဉ်အား သတင်းအရစစ်ဆေးရာ ဘိန်းဖြူမှုန့်အလေးချိန် ၆ ဒသမ ၉၃ ကီလို ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၉ နာရီခွဲတွင် မူးယစ်ဆေးဝါးများ တင်ပေးခဲ့သူ ကျော်ကြီး (ခ) ကျော်မင်းအောင်အား အောင်မြေသာစံမြို့နယ် ၈၈ (A) လမ်း၊ ၂၂ x ၂၃ လမ်းကြားရှိ ကားဂိတ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ဇွန် ၁၁ ရက် နံနက် ၉ နာရီတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင် (၂) ရပ်ကွက်၊ ၆၁ လမ်း၊ ၄၂ x ၄၃ လမ်းကြားရှိ သန်းသန်းမိုး၏ နေအိမ်အား ရှာဖွေရာ ဘိန်းဖြူမှုန့် အလေးချိန် ၁၇ ဒသမ ၄၂၄ ကီလို ထပ်မံဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးများ လာရောက်ပို့ပေးခဲ့သူ မအေးမြင့် (ခ) မလုအား ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ မန္တလေးမှကလေးသို့ ဘိန်းဖြူများ တင်ပို့ရောင်းချသူ ဒေါ်တင်ဦး (ခ) ဒေါ်အုန်းအား ဇွန် ၁၄ ရက် ညနေ ၅ နာရီတွင် ချမ်းမြသာစည်မြို့နယ် ၆၇ လမ်း၊ ၁၀၅ x ၁၀၆ လမ်းကြားတွင် ဖမ်းဆီးရမိခဲ့ကာ ဒေါ်တင်ဦး (ခ) ဒေါ်အုန်း၊ ၎င်း၏ သားဖြစ်သူ ဟိန်းလတ်နှင့်ဇနီး အေးအေးအောင် (ခ) မပိတို့ သုံးဦးမှာ အုန်းချော နယ်မြေရဲစခန်းမှ မူးယစ်အမှုဖြင့် အလိုရှိ တရားခံပြေးများဖြစ်ပြီး ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် မန္တလေးမှ ကလေးသို့ ဘိန်းဖြူသယ်ဆောင်ရောင်းဝယ်သူများကို ငွေကျပ် သိန်း ၉၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၄ ဒသမ ၃၅ ကီလိုကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3472 items
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
