မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)တွင် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)တွင် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Ministry of Social Welfare, Relief & Resettlement/ ကျိုင်းတုံမြို့နယ် / January 11, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)၌ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို (၁၁-၁-၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ကျိုင်းတုံမြို့ရှိ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် မူးယစ်ဆေးဝါး ပြဿနာဟာ ဒီကနေ့ကမ္ဘာမှာ အဆိုးဝါးဆုံးရင်ဆိုင်နေရပြီး တစ်နေ့တစ်ခြား ကြီးထွားလာတဲ့ ပြဿနာတစ်ခု အနေဖြင့် တစ်ကမ္ဘာလုံး နည်းမျိုးစုံ ရင်ဆိုင်ဖြေရှင်းနေရတာဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း အကြမ်း ဖက်မှု၊ ငွေကြေးခဝါချမှု၊ တရားမဝင်ငွေကြေး စီးဆင်းမှု၊ အဂတိလိုက်စားမှု အကျင့်ပျက်ခြစားမှု များနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို ဖြစ်ပေါ်စေကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး ပြဿနာကို ထိန်းချုပ်နိုင်ရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နည်းလမ်းအမျိုးမျိုး၊ ကဏ္ဍအမျိုးမျိုးတွေမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသက်ထွန်းက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ခြင်းနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ထူးချွန်ဆုများပေးအပ်ချီးမြင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ သင်တန်းသားများ၊ စုစုပေါင်း ၄၀ ဦးခန့် တက်ရောက်ခဲ့ပြီး နံနက် (၁၀:၀၀)နာရီအချိန်ခန့်တွင် သင်တန်းဆင်းပွဲအခမ်းအနားပြီးမြောက်ခဲ့ပါသည်။
Newspaper - 3421 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
