မော်လမြိုင်မြို့ ကျက်သရေဆောင် ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေစင်ရွှေပြားကပ်လှူခြင်း၊ မဏ္ဍိုင်တော်အသစ်ပူဇော်ခြင်း၊ ထီးတော်အကြီးစားပြုပြင်ပူဇော်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပွဲ ကျင်းပ
မော်လမြိုင်မြို့ ကျက်သရေဆောင် ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေစင်ရွှေပြားကပ်လှူခြင်း၊ မဏ္ဍိုင်တော်အသစ်ပူဇော်ခြင်း၊ ထီးတော်အကြီးစားပြုပြင်ပူဇော်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / March 14, 2025

နေပြည်တော် မတ် ၁၃
မွန်ပြည်နယ် မော်လမြိုင်မြို့ ကျက်သရေဆောင် ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေစင်ရွှေပြားကပ်လှူခြင်း၊ မဏ္ဍိုင်တော်အသစ်ပူဇော်ခြင်း၊ ထီးတော်အကြီးစား ပြုပြင်ပူဇော်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေ ကဇာတင်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပရာ ကျိုက်သုတ်စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယရွှေတောင်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိမလအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကျိုက်သုတ်စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော်ကြီး အမှူးပြု၍ တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွှေတောင်ကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူကြသည့် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။
လှည့်လည်အပူဇော်ခံ
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စေတီတော်မြတ်ကြီးတွင် ပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် မော်လမြိုင်မြို့ ဝေဇယန္တာကျောင်း ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒောဘာသထံမှ အနုမောဒနာတရားနာယူကာ ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စေတီတော်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ပင့်ဆောင်ကာ စေတီတော်ကြီးအား လက်ယာရစ်သုံးပတ် လှည့်လည်အပူဇော်ခံကြသည်။
ဆက်လက်၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို မင်္ဂလာပန်းရထားပေါ်သို့ ပင့်ဆောင်ပြီး ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စေတီတော်ကြီးတွင် တင်လှူပူဇော်ကြကာ ရွှေမိုးငွေမိုးများ ရွာသွန်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3114 items

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက်၊ မတ် ၂၃ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်၊ မတ် ၂၂ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက်၊ မတ် ၂၁ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက်၊ မတ် ၂၀ ရက် ၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက်၊ မတ် ၁၉ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်၊ မတ် ၁၈ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်၊ မတ် ၁၇ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်၊ မတ် ၁၆ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက်၊ မတ် ၁၅ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download