မဲခေါင်-လန်ချန်း စီမံကိန်းဖြင့် ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန် ကွင်းဆင်းဆောင်ရွက်
မဲခေါင်-လန်ချန်း စီမံကိန်းဖြင့် ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန် ကွင်းဆင်းဆောင်ရွက်
Ministry of Information/ Naypyitaw / March 14, 2025
နေပြည်တော် မတ် ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ မဲခေါင် - လန်ချန်း အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်လျက်ရှိသော Establishing Livestock Training Center for Rural Livelihood Improvement to Support Poverty Reduction in Lancang-Mekong Countries စီမံကိန်းဖြင့် တိရစ္ဆာန်အစာနှင့် အာဟာရဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများသည် ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့သို့ ကွင်းဆင်းပြီး ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူသော တောင်သူများ၊ နို့စားနွား မွေးမြူရေးခြံများမှ မွေးမြူသူပိုင်ရှင်များနှင့် တွေ့ဆုံပြီး တိရစ္ဆာန်မွေးမြူရေးတွင် လိုအပ်သော တိရစ္ဆာန်အစာအသုံးပြုနေမှုအခြေအနေများ၊ ကျွေးမွေးသည့် နည်းစနစ်များနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မွေးမြူသူတောင်သူများက မွေးမြူရေးအတွက် အဓိကအသုံးပြုနေသော အစာကြမ်းများဖြစ်သည့် ကောက်ရိုး၊ ပြောင်းရိုး၊ ပဲရိုး စသည်တို့ကို တိရစ္ဆာန်အစာအဖြစ် ပိုမိုအကျိုးရှိစေရန်အတွက် အစာကိုပြုပြင်သည့် ခေတ်မီနည်းပညာများကို အသုံးပြုသင့်ကြောင်းနှင့် မွေးမြူရေးနှင့်ပတ်သက်သော ပညာရပ်ဆိုင်ရာ ဗဟုသုတများကိုလည်း မွေးမြူသူတောင်သူများအား ဆွေးနွေးအကြံပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3418 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
