မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker ၏ ပထမလျှောက်လဲချက်
မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker ၏ ပထမလျှောက်လဲချက်
Ministry of Information/ Naypyitaw / January 18, 2026
ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များကို မြန်မာနိုင်ငံက စာဖြင့်ရေးသားတုံ့ပြန်ထားပါကြောင်း၊ ယခု ICJ ၌ အမှုစစ်ဆေးခြင်းသည် ပြစ်မှုကြောင်းစစ်ဆေးခြင်းမဟုတ်ကြောင်း၊ ICJ သည် မြန်မာနိုင်ငံ အနေဖြင့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းအရ ဆောင်ရွက်ပေးရမည့် အပြည်ပြည်ဆိုင်ရာ တာဝန်ရှိမှုနှင့်စပ်လျဉ်း၍ နိုင်ငံအချင်းချင်းအကြား အငြင်းပွားမှုများကို ဖြေရှင်းသည့် တရားရုံးဖြစ်ကြောင်း၊ ယခုအမှု၏ သဘောသဘာဝနှင့်စပ်လျဉ်း၍ တရားရုံးရှေ့မှာ သက်သေပြရမည့် တာဝန်သည် တော်တော်လေးမြင့်မားပါကြောင်း၊ သက်သေပြရမည့် တာဝန်နှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပြစ်မှုတရားရုံးနှင့် ပြည်တွင်းတရားရုံးများကဲ့သို့ သံသယကင်းရှင်းသည်အထိ သက်သေပြရန်တာဝန်ရှိကြောင်း၊ ယခုအမှုသည် တိုက်ရိုက်ထိခိုက် နစ်နာခြင်းမရှိသည့် နိုင်ငံတစ်ခုက Genocide Convention ကို လိုက်နာရန်အတွက် ကွန်ဗင်းရှင်းဝင်နိုင်ငံများအားလုံး၏ အကျိုးကိုယ်စားဆိုကာ အခြားနိုင်ငံတစ်ခုကို အမှုစွဲဆိုသည့် ပထမဦးဆုံးသောအမှုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဂမ်ဘီယာက အများအကျိုးအတွက်ဟု စွဲဆိုသည့် Genocide Convention တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နေကြောင်း၊ အများအကျိုးဆိုသည်မှာ Convention ၏ တာဝန်များကို နိုင်ငံများကလိုက်နာစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ Genocide ဟု အမည်တပ်ပြီး စွပ်စွဲသမျှကို နိုင်ငံများက ဖြေရှင်းရန် မဟုတ်ကြောင်း၊ ယခုအမှုမတိုင်မီကတည်းက စွဲဆိုသည့်နိုင်ငံများအနေဖြင့် အခြားအဖွဲ့ဝင်နိုင်ငံများကိုယ်စား စွဲဆိုနိုင်ခြင်း ရှိ မရှိ သို့မဟုတ် Convention ကိုလိုက်နာရန် တာဝန်နှင့် စပ်လျဉ်း၍ စောင့်ကြည့်ရန်တာဝန်ရှိ မရှိတို့နှင့်စပ်လျဉ်း၍ ဆုံးဖြတ်သည့် ယန္တရားမရှိကြောင်း၊ ဆုံးဖြတ်ဆောင်ရွက်ပေးရမည့်ယန္တရားကို ICJ တရားရုံးက ယူခဲ့ရာ ICJ တရားရုံးအနေဖြင့် ဂရုတစိုက်စစ်ဆေးရန် တာဝန်ရှိကြောင်း၊ မည်သည့်တရားရုံးမဆို ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် တိတိကျကျဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စွဲဆိုသည့်နိုင်ငံအနေဖြင့်လည်း စွဲဆိုသည့်အချက်အလက် အထောက်အထားများ တိကျမှန်ကန်မှုရှိရန် လိုအပ်သည်ဆိုသည့်အကြောင်း ပြောကြားခဲ့ပါသည်။
ဂမ်ဘီယာကစွဲဆိုသည့် လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ဆိုသည်မှာ ဥပဒေအကြောင်းအရာများ ပြည့်စုံရန်လိုအပ်ကြောင်း၊ သီးခြားဥပဒေပိုင်းဆိုင်ရာ စံနှုန်းဖြစ်သဖြင့် Convention ၏ တာဝန် များကို နိုင်ငံကချိုးဖောက်သည်ကို သက်သေပြရန်တာဝန်မှာ စွဲဆိုသည့်နိုင်ငံ၌ တာဝန်ရှိကြောင်း၊ မည်သည့်တရားမျှတမှုမရှိခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်းသည် Genocide Convention ကို ချိုးဖောက်ခြင်းမဟုတ်ကြောင်း၊ ယခုအမှုတွင် တရားရုံးအနေဖြင့် Convention ၏ Article IX အရ စီရင်ပိုင်ခွင့်ရှိကြောင်း ပြောဆိုထားသော်လည်း တရားရုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေ၏ စံနှုန်းများကို ချိုးဖောက်သည်ဆိုသည့် ဖော်ပြချက်အပေါ် တရားရုံးအနေဖြင့် စီရင်ပိုင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာ၏ တင်ပြချက်များသည် Genocide Convention နှင့် အခြားသော အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အပြည်ပြည်ဆိုင်ရာဥပဒေများအကြား ကွဲပြားခြားနားမှုပုံစံကို တင်ပြနိုင်မှုမရှိကြောင်း၊ ဂမ်ဘီယာအနေဖြင့် တင်ပြသော အကြောင်းအရာများသည် Genocide Convention ၏ ဥပဒေပိုင်းဆိုင်ရာအချက်အလက်များအတွင်း အကျုံးဝင်ခြင်းရှိ မရှိကို တရားရုံးက ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ ဂမ်ဘီယာက တင်သွင်းသော အကြောင်းအရာများတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့စခန်းများက ARSA က တိုက်ခိုက်ခဲ့သည်ဆိုသည့် အဖြစ်အပျက်အပေါ် အငြင်းပွားမှုမရှိကြောင်း၊ ARSA ၏ တိုက်ခိုက်မှုအပေါ် အချုပ်အခြာအာဏာပိုင်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံက ခုခံကာကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ARSA ၏ တိုက်ခိုက်မှုအပေါ် မြန်မာ့တပ်မတော်နှင့် နယ်ခြားစောင့်ရဲများက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း၊ အဆိုပါစစ်ဆင်ရေးကို မြန်မာအခေါ် “နယ်မြေရှင်းလင်းရေး” ဖြစ်ကြောင်း၊ အဆိုပါနယ်မြေရှင်းလင်းရေးတွင် အကြမ်းဖက်သမားများအား ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအကြောင်းအရာအပေါ် ဂမ်ဘီယာအနေဖြင့် အငြင်းပွားမှုမရှိကြောင်း၊ ဂမ်ဘီယာ၏ အဆိုလွှာ၌ ARSA ၏ ထင်ထင်ရှားရှား တိုက်ခိုက်မှုများအပေါ် ဖော်ပြခြင်းမရှိခဲ့ကြောင်း၊ ဂမ်ဘီယာ၏ အဆိုလွှာနှင့် FFM အစီရင်ခံစာ များတွင် ARSA ၏တိုက်ခိုက်မှုအပေါ် တင်ပြခြင်းမရှိကြောင်း၊ ထိုသို့ ARSA ၏ တိုက်ခိုက်မှုအပေါ် ဂမ်ဘီယာအနေဖြင့် ချန်လှပ်ထားခြင်းသည် ၎င်းအနေဖြင့် တိကျစွာသက်သေပြရမည့် တာဝန်နှင့်စပ်လျဉ်း၍ ပျက်ကွက်ကြောင်း၊ မှန်ကန်သည့်တရားစီရင်ရေး စံနှုန်းနှင့်ဆန့်ကျင် နေပါကြောင်း၊ ARSA အဖွဲ့သည် ကျွမ်းကျင်မှုရှိပြီး စုစုစည်းစည်း ဖွဲ့စည်းကာ စနစ်တကျဖွဲ့စည်းထားခြင်းတို့ကြောင့် ရခိုင်မြောက်ပိုင်းရှိ ဒေသများအပေါ် ဩဇာအာဏာ သက်ရောက်မှုရှိသဖြင့် ရခိုင်မြောက်ပိုင်းဒေသကို ထိန်းချုပ်လာကြောင်း၊ ARSA အဖွဲ့အနေဖြင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင်လည်း လှုပ်ရှားမှုများရှိနေကြောင်း၊ အကြောင်းခြင်းရာပြဿနာအနေဖြင့် ပထမအချက်မှာ ဂမ်ဘီယာ၏ အဆိုလွှာပါ စွပ်စွဲချက်များသည် သက်သေအခိုင်အမာ ပြသနိုင်ခြင်းမရှိကြောင်း၊ ဒုတိယအချက်မှာ ဂမ်ဘီယာမှ မင်းကြီး၊ ချွတ်ပြင်၊ မောင်နုတိုက်ခိုက်မှုများတွင် ARSA ပါဝင်မှုမရှိကြောင်း၊ ဂူတာပြင်၊ အင်းဒင်၊ ကိုးတန်ကောက်၊ ချိန်ခါလီတို့တွင်လည်း ARSA ပါဝင်မှုမရှိခဲ့ကြောင်း ပြောဆိုသော်လည်း ဂမ်ဘီယာ၏ သက်သေအထောက်အထားများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆင်ရေးဆောင်ရွက်သည်ဆိုသော ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၂ ရက် နေ့၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့တို့သည် ထိုနေရာများတွင် ARSA တိုက်ခိုက်မှုရှိခဲ့ခြင်းကြောင့်ဖြစ်သည်ကို ဖော်ပြနေပါကြောင်း၊ IDP စခန်းတွင် ၁၂၆၀၀၀ သော ဘင်္ဂါလီများနေထိုင်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ထောင်သောင်းမကသော ဘင်္ဂါလီများ သည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားခြင်းမရှိဘဲ ယနေ့အချိန်အထိ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆက်လက်နေထိုင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံက တင်သွင်းလျက်ရှိသည့် PMO အစီရင်ခံစာတွင် ကုလသမဂ္ဂအေဂျင်စီ၊ နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီများကို အထောက်အပံ့ပြုဆောင်ရွက်ပေးလျက်ရှိသည့် ကျန်းမာရေး၊ ပညာရေး၊ စားသောက်ရေးအစရှိသည်တို့နှင့်စပ်လျဉ်း၍ ကိစ္စရပ်များကို ဖော်ပြထားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်တွင်ရှိသော ဘင်္ဂါလီများကို ပြန်လည်လက်ခံနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်သဘောတူညီမှုရှိခဲ့ပြီး လုပ်ငန်းများကို UNHCR နှင့်ပူးပေါင်း၍ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တတိယအချက်မှာ ဂမ်ဘီယာအနေဖြင့် မြန်မာနိုင်ငံက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့သည်ဆိုသည့်စွပ်စွဲချက်နှင့် ပတ်သက်၍ လုံလောက်သည့် သက်သေပြသနိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ဂမ်ဘီယာစွပ်စွဲချက်များသည် မှန်ကန်သည့်တရားစီရင်ရေး ဖြစ်စေရန်ဟူသည့်စံနှုန်းနှင့် ဆန့်ကျင်လျက်ရှိပါကြောင်း တုံ့ပြန်ခဲ့ပါသည်။
သက်သေအချက်အလက်များအပေါ် စိစစ်ခြင်းနှင့်စပ်လျဉ်း၍ ဂမ်ဘီယာစွဲဆိုသည့် အမှုသည် FFM အစီရင်ခံစာအပေါ်တွင်သာ အခြေခံထားကြောင်း၊ အခြားသောသက်သေခံအထောက်အထားများသည် လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု စွပ်စွဲချက်နှင့်စပ်လျဉ်း၍ ဂမ်ဘီယာ၏ ထင်မြင်ချက်များသာဖြစ်ကြောင်း၊ ဂမ်ဘီယာ၏ Agent အနေဖြင့် FFM အစီရင်ခံစာကို အချိန်တိုင်း အသုံးပြုခဲ့ကြောင်း၊ ဂမ်ဘီယာတင်ပြချက်များသည် FFM အစီရင်ခံစာနှင့် အစိုးရမဟုတ် သော NGO အဖွဲ့အစည်းများ၏ အစီရင်ခံစာများသာဖြစ်ကြောင်း၊ ဂမ်ဘီယာ၏ တင်ပြချက်များသည် FFM အစီရင်ခံစာအပေါ်တွင်သာ အချိန်တိုင်းမှီတည်နေကြောင်း၊ FFM အစီရင်ခံစာများသည် တစ်ဖက်သတ်အကြောင်းအရာများကိုသာအခြေခံ၍ မေးမြန်းစုဆောင်း ထားသည့် အချက်အလက်များသာဖြစ်၍ ယင်းအစီရင်ခံစာများကို သက်သေခံအထောက်အထားအဖြစ် အသုံးပြု၍မရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း FFM နှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်မရှိ ကြောင်း၊ FFM အစီရင်ခံစာပါ သက်သေအထောက်အထားများသည် တရားရုံး၏လုပ်ငန်းစဉ်ကဲ့သို့ ဆောင်ရွက်ထားခြင်းမရှိကြောင်း၊ အစီရင်ခံစာပါအထောက်အထားများသည် လူအများ၏ ပြောဆိုချက်အပေါ် အခြေခံထားသည့် အချက်အလက်များသာဖြစ်ကြောင်း၊ ထို့ကြောင့် ICJ တရားရုံးအနေဖြင့် FFM အစီရင်ခံစာအား သက်သေအထောက်အထားအနေဖြင့် ထည့်သွင်းစဉ်းစားရန် လိုအပ်ခြင်းမရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပြစ်မှုတရားရုံး၏ စည်းမျဉ်းစည်းကမ်းများနှင့် အခြားသောတရားရုံးများ၏ စည်းမျဉ်းများကို ဤတရားရုံးတွင် အသုံးပြု၍မရဘဲ အပြည်ပြည်ဆိုင်ရာတရားရုံးသည် ၎င်း၏ ကိုယ်ပိုင်ဥပဒေနှင့်စည်းမျဉ်းအား အသုံးပြုခြင်းကိုသာ လက်ခံကြောင်း၊ ထို့ကြောင့် ဤတရားရုံးရှေ့မှောက်တွင် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းနှင့်စပ်လျဉ်းသည့် လုံလောက်သည့် သက်သေပြသနိုင်ရမည်ဖြစ်ကြောင်း၊ FFM အစီရင်ခံစာများသည် လုံလောက်သည့် သက်သေအထောက်အထားများမဟုတ်ကြောင်း တင်ပြခဲ့ပါသည်။
ဥပဒေပိုင်းဆိုင်ရာအငြင်းပွားမှုတွင် Genocide Convention နှင့်ပတ်သက်၍ သက်သေပြရန် တာဝန်သည် စွဲဆိုခံရသည့်နိုင်ငံအပေါ် ကျရောက်ခြင်းမရှိဘဲ အမှုစွဲဆိုသည့်နိုင်ငံကသာ လုံလောက်သည့် သက်သေပြသရမည်ဖြစ်ကြောင်းကို Bosnia v. Croatia အမှုတွင် ဖော်ပြထားသဖြင့် ဂမ်ဘီယာအနေဖြင့် လုံလောက်သည့် သက်သေပြရန် လိုအပ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်ခြင်းခံရသောသူများသည် Genocide Convention Article II အတွင်း ကျရောက်ကြောင်းပြောသော်လည်း ဂမ်ဘီယာ၏ ပြောဆိုချက်သည် မှန်ကန်မှုမရှိကြောင်း၊ သေးငယ်သောရွာများတွင် နေထိုင်လျက်ရှိသောသူများသည် Genocide Convention Article II တွင် ဖော်ပြထားသည့် အုပ်စုအတွင်းအကျုံးဝင်သည်ဟု ဆို၍မရကြောင်း၊ ဂမ်ဘီယာအနေဖြင့် Genocide Convention ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွင်း အကျုံးဝင်အောင် ဥပဒေအချက်အလက် တစ်စုံတစ်ရာပြဆိုနိုင်ခြင်းမရှိဘဲ ၎င်း၏ နိုင်ငံရေးအမြင်အရသာ ပြောဆိုနေခြင်းဖြစ်ကြောင်း၊ အငြင်းပွားမှုမရှိသည့် အကြောင်းအရာ နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက ဆောင်ရွက်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်ရေးသည် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်း တုံ့ပြန်ခဲ့ပါသည်။
Newspaper - 3441 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
