မြန်မာနိုင်ငံ၏ ရှေ့နေ Prof. Alina Miron ၏ လျှောက်လဲချက်
မြန်မာနိုင်ငံ၏ ရှေ့နေ Prof. Alina Miron ၏ လျှောက်လဲချက်
Ministry of Information/ Naypyitaw / January 18, 2026
အမှုနှင့်ပတ်သက်သည့် ဥပဒေအချက်အလက်များကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ဂမ်ဘီယာ စွဲဆိုသောအမှုနှင့်စပ်လျဉ်း၍ 1948 Genocide Convention ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းရန်လိုကြောင်း၊ အဆိုပါ Genocide Convention Article II နှင့်စပ်လျဉ်း၍ ဂမ်ဘီယာအနေဖြင့် နားလည်မှုလွဲနေကြောင်း၊ တရားရုံး အနေဖြင့် Genocide Convention ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် အခြားသော အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းများဖြစ်သော Statute of ICTY၊ Statute of ICTR နှင့် Rome Statute တို့ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များအကြား ကွဲပြားခြားနားမှုရှိ မရှိဆုံးဖြတ်ရမည် မဟုတ်ကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုအပေါ် တစ်ဦးချင်းတာဝန်ရှိမှုနှင့် နိုင်ငံ၏တာဝန်ရှိမှုအခန်းကဏ္ဍမှာ ကွဲပြားခြားနားပါကြောင်း၊ တာဝန်ရှိမှုအား ခွဲခြားရာတွင် မတူညီသည့် တရားစွဲဆိုသည့်နေရာများရှိကြောင်း၊ အဆိုပါအချက်အလက်နှင့်ပတ်သက်၍ Croatia v. Serbia အမှု၏ ၂၀၁၅ စီရင်ချက်တွင် ဖော်ပြထားကြောင်း၊ နိုင်ငံ၏တာဝန်ရှိမှုနှင့် တစ်ဦးချင်း၏တာဝန်ရှိမှု တူညီမှုမရှိသည်ကို ဖော်ပြထားကြောင်း၊ dolus specialis နှင့် actus reus တို့နှင့်စပ်လျဉ်း၍ တင်ပြလိုကြောင်း၊ dolus specialis သည် အခြားသော ကြီးလေးသောပြစ်မှုများနှင့် မတူညီဘဲ အဓိကဝိသေသလက္ခဏာများ ဖြစ်ပါကြောင်း၊ Genocide Convention Article II တွင် နိုင်ငံသား၊ တိုင်းရင်းသား၊ လူမျိုးစု သို့မဟုတ် ဘာသာရေးဆိုင်ရာအဖွဲ့များ၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးအား ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဟုဖော်ပြထားပါ ကြောင်း၊ လူများကို အင်အားသုံး၍ ရွှေ့ပြောင်းစေခြင်း သို့မဟုတ် ethnic cleansing ပြုလုပ်ခြင်းသည် လူမျိုးသုဉ်းသတ်ဖြတ်ခြင်း မဟုတ်ကြောင်း၊ ethnic cleansing နှင့်သက်ဆိုင်သည့်အချက်များသည် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းမဟုတ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် လူနှစ်ဦး သုံးဦးကို သတ်ဖြတ်ခြင်းသည် Genocide Convention Article II အတွင်း အကျုံးဝင်သည်ဟု သုံးသပ်ကြောင်း၊ ထို့ကြောင့် ဂမ်ဘီယာအနေဖြင့် အုပ်စုတစ်စုအပေါ် ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးမှု ကျူးလွန်သည်ကို သက်သေပြသရန် ခက်ခဲပါကြောင်း၊ ဂမ်ဘီယာအနေဖြင့် တစ်ဦးချင်းစီ၏ ပြစ်မှုကျူးလွန်မှုအပေါ်ကိုသာ ဖော်ပြနေပြီး နိုင်ငံ၏တာဝန်ရှိမှုကို ဖော်ပြခြင်းမရှိကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းသည် အရေအတွက်ကစားပွဲမဟုတ်ကြောင်း၊ အားလုံးအတွက်လည်း ကစားပွဲမဟုတ်ကြောင်း၊ Actus reas ရှိ မရှိ ဆုံးဖြတ်ရန် နိုင်ငံအနေဖြင့် လူမျိုးသုဉ်း သတ်ဖြတ်မှုကျူးလွန်ကြောင်း လုံလောက်သည့်ပမာဏ၊ ပူးပေါင်းကြံစည်မှုကြောင့် ထွက်ပေါ်လာသည့် လုံလောက်သော နစ်နာသူပမာဏရှိရမည်ဖြစ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်ရန်ကြံရွယ်ချက်နှင့်စပ်လျဉ်း၍ ဘင်္ဂါလီအုပ်စု၏ တစ်စိတ် တစ်ပိုင်း သို့မဟုတ် အားလုံးအပေါ် ဖျက်ဆီးခြင်းရှိသည်ဟူ၍သာ ပြောဆိုကြောင်း၊ ဂမ်ဘီယာအနေဖြင့် အကာအကွယ်ပေးရမည့်အုပ်စုအပေါ် ပစ်မှတ်ထားကြောင်းကို တင်ပြရန် ပျက်ကွက်လျက်ရှိကြောင်း၊ ကိုးကားဖော်ပြထားခြင်းလည်းမရှိကြောင်း၊ မင်းကြီး၊ ချွတ်ပြင်၊ မောင်နုတွင် ဖြစ်ပွားခဲ့သော ဖျက်ဆီးမှုသည် သိသာလုံလောက်သည်ဟု ဂမ်ဘီယာကပြောဆိုနေသော်လည်း Genocide Convention တွင် အကျုံးဝင်သည့် အကာအကွယ်ပေးရမည့်အုပ်စု၏ အဓိကအစိတ်အပိုင်း ဖြစ်ကြောင်းကို ဂမ်ဘီယာအနေဖြင့် သက်သေမပြနိုင်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် နစ်နာသူများမှာ အမျိုးသမီးများနှင့် ကလေးများဟုသာ ပြောဆိုနိုင်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် ဘင်္ဂါလီအုပ်စုအပေါ် သီးခြားပစ်မှတ်ထားပြုမူသည့် ကျူးလွန်မှုအနည်းငယ်ရှိကြောင်းသာလျှင် သုံးသပ်ဖော်ပြနိုင်ကြောင်း၊ Actus reas ကို ဆုံးဖြတ်ရန်အတွက် အထူးရည်ရွယ်ချက် (dolus specialis) ကို စုံစမ်းစစ်ဆေးရန်လိုအပ်ကြောင်း၊ ဖျက်ဆီးရန် ရည်ရွယ်ချက်ဟူသော အသုံးအနှုန်းသည် အုပ်စု အား ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဇီဝဗေဒအရ ဖျက်ဆီးလိုသောဆန္ဒကို ရည်ညွှန်းခြင်းဖြစ်ကြောင်း၊ Genocide Convention Article II အရ အကာအကွယ်ပေးထားသောအုပ်စုကို တစ်စုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဖျက်ဆီးလိုသော ရည်ရွယ်ချက်ရှိရန် လိုအပ်ကြောင်း၊ တရားရုံး ၏ စီရင်ထုံးများအရ လူဦးရေကို အတင်းအဓမ္မနှင်ထုတ်ခြင်း သို့မဟုတ် ethnic cleansing သည် လူမျိုးသုဉ်းသတ်ဖြတ်မှု မမြောက်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် ကျိုးကြောင်းဆီလျော်သော သုံးသပ်ပြသနိုင်မှုကို တရားရုံးသို့ရှင်းပြနိုင်မှုမရှိကြောင်း၊ တိုက်ရိုက်သက်သေခံချက်မဟုတ်သည့် အချက်အလက်များအပေါ်သာ သုံးသပ်တင်ပြခဲ့ကြောင်း၊ Genocide Convention အရ လူသတ်ခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အကာအကွယ်ပေးရမည့်အုပ်စုအား ဖျက်ဆီးခြင်းကို ဖြစ်ပေါ်စေနိုင်သည့် ကျယ်ပြန့်သော လှုံ့ဆော်မှုရှိရမည်ဖြစ်ကြောင်း၊ ပြစ်မှုနှင့်ပတ်သက်၍ ယေဘုယျအားဖြင့် လိုအပ်ချက်များကို ICC က ထုတ်ပြန်ထားသည့် ပြစ်မှုမြောက်ရန် လိုအပ်ချက်များတွင် ဖော်ပြထားပါကြောင်း၊ အဆိုပါဖော်ပြချက်နှင့်ဆန့်ကျင်၍ ဂမ်ဘီယာက အကာအကွယ်ပေးရမည့်အုပ်စုအား ဖျက်ဆီးစေနိုင်သော ကျယ်ပြန့်သည့်လှုံ့ဆော်မှုမရှိဘဲ သီးခြားကျူးလွန်သူ အနည်းငယ် သို့မဟုတ် သီးခြားကျူးလွန်သူများက ကျူးလွန်သော အနည်းငယ် မျှသော လူသတ်မှုများအပေါ်တွင်သာ ဂမ်ဘီယာက ပြောဆိုထားကြောင်း၊ ဂမ်ဘီယာက ကလေးမွေးဖွားမှုနှုန်းကန့်သတ်ခြင်းသည် Genocide Convention ၏ လက္ခဏာရပ်အတွင်း ကျရောက်ကြောင်း တင်ပြခဲ့သော်လည်း ၎င်း၏ပြောကြားချက်သည် အကြောင်းခြင်းရာအရသာမက ဥပဒေအရပါမှားယွင်းနေပါကြောင်း လျှောက်လဲတင်ပြခဲ့ပါသည်။
Newspaper - 3441 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
