မြန်မာနိုင်ငံ၏ ​ရှေ့​နေ Mr. Stefan Talmon ၏ လျှောက်လဲချက်


Ministry of Information/ Naypyitaw / January 18, 2026
image_latest


သက်သေပြရန်တာဝန်နှင့် သက်သေပြရန်စံနှုန်းများကို တင်ပြလျှောက်လဲမည်ဖြစ်ပါကြောင်း၊ တရားလိုသည် စွပ်စွဲသည့်အချက်များအပေါ် သက်သေပြရန် တာဝန်ရှိသည်ဆိုသော စည်းမျဉ်းကို နှစ်ဖက်အမှုသည်များ နားလည်လက်ခံပြီးဖြစ်ပါကြောင်း၊ ယင်းစည်းမျဉ်းကို တရားရုံးက လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် စွဲဆိုသည့်အမှုများတွင် အစဉ်တစိုက်ကျင့်သုံးလျက်ရှိပါကြောင်း၊ ထို့ပြင် လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် သက်သေအထောက်အထားများသည် လုံးဝခိုင်မာမှုရှိရမည် ဖြစ်ပါကြောင်း၊ ယင်းသက်သေအထောက်အထားသည် အခြားအထောက်အထားများနှင့် ဆန့်ကျင်ကွဲလွဲခြင်းမရှိစေရဘဲ သံသယမရှိ၊ ယုံကြည်ထိုက်သည့် သက်သေအထောက်အထားများ ဖြစ်ရမည်ဖြစ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် တိုက်ရိုက်သက်သေခံအထောက်အထားများကို တင်ပြနိုင်ခြင်းမရှိပါကြောင်း၊ ဂမ်ဘီယာသည် FFM ကို အခြေပြု ၍ လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်ရှိကြောင်း ချဉ်းကပ်မှုအသစ်ဖြင့် အကြိမ်ကြိမ်တင်ပြလျက်ရှိပါကြောင်း၊ ဂမ်ဘီယာသည် လူမျိုး သုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်ရှိကြောင်း ညွှန်ပြချက် ၇ ချက်ကို အသုံးပြုခဲ့ပြီး ယင်းအချက်များသည် သက်သေအထောက်အထားများတွင် ပါရှိပြီးဖြစ်သည်ဟု တင်ပြခဲ့ပါကြောင်း၊ တရားရုံးအနေဖြင့် အကာအကွယ်ပေးထားသည့် လူအုပ်စုတစ်ခုအပေါ် တိုက်ခိုက်မှုအတွင်း ကျူးလွန်ခဲ့သည့် လူမျိုးသုဉ်းသတ်ဖြတ်မှု ဆောင်ရွက်ချက်များနှင့် အခြားသော ကျူးလွန်မှုများရှိ မရှိကို ခိုင်လုံသည့် သက်သေအထောက်အထားများဖြင့် စိစစ်ရမည်ဖြစ်ပါကြောင်း၊ ယင်းနောက် အဆိုပါပြုလုပ်မှုများသည် စနစ်တကျစီစဉ်ထားသောအပြုအမူပုံစံများ ဟုတ်မဟုတ် စိစစ်ရန်ဖြစ်ပါကြောင်း၊ ဂမ်ဘီယာတင်ပြသော ညွှန်ပြချက်များမှာ စနစ်တကျ စီစဉ်ထားသော အပြုအမူပုံစံများရှိသည်ဟု ညွှန်ပြချက်များက လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်၏ ညွှန်ပြ ချက်များ မဟုတ်သည်ကို တွေ့ရှိရပါကြောင်း၊ တရားရုံးအနေဖြင့် နောက်ဆုံးတွင် စနစ်တကျ စီစဉ်ထားသော အပြုအမူပုံစံများသည် လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်မြောက်မမြောက် စိစစ်ရန်ဖြစ် ပါကြောင်း၊ ခရိုအေးရှားအမှုတွင် ပြုလုပ်မှုတစ်ရပ်ကို သတ်မှတ်ထားသည့်နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည် စနစ်တကျစီစဉ်ထားသော အပြုအမူပုံစံဖြစ်သော်လည်း ယင်းအပြုအမူပုံစံအား လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်ဟု ကောက်ချက်ချ၍မရနိုင်ဟု တရားရုံးက ဆုံးဖြတ်ထားပါကြောင်း၊ ဂမ်ဘီယာ ကိုယ်စားလှယ်က လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်သည် ခိုင်မာသည့် ကျိုးကြောင်းဆီလျော်သော ကောက်ယူချက်ဖြစ်သည်ဟု ပြောဆိုချက်မှာ ပြည့်စုံမှုမရှိပါ ကြောင်း၊ ကောက်ယူချက်တစ်ခုနှင့်စပ်လျဉ်း၍ အခြားသောကောက်ယူချက်တစ်ခု ရှိနေလျှင် လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ် ချက်ရှိသည်ဟူသော ကောက်ယူချက်မှာ ကျိုးကြောင်းဆီလျော် သည့် ကောက်ယူချက်တစ်ခု မဖြစ်တော့ပါကြောင်း၊ ဂမ်ဘီယာသည် လှုံ့ဆော်မှုနှင့် ကြံရွယ်ချက်ကို ရောထွေးစွာ တင်ပြ၍ ရှုပ်ထွေးအောင် ပြုလုပ်နေပါကြောင်း၊ ဂမ်ဘီယာက လူမျိုးစုအား ရှင်းလင်းဖယ်ရှားခြင်းအတွက် လှုံဆော်မှုရှိခြင်းသည် လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်ရှိမှုကို ဟန့်တားခြင်းမရှိကြောင်း ပြောဆိုနေပါကြောင်း၊ သို့သော် လှုံ့ဆော်မှုနှင့် ကြံရွယ်ချက်မှာ သီးခြားစီဖြစ်ကြောင်း၊ ဘော့စနီးယားအမှုတွင် တရားရုံးက လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်သည် ကျူးလွန်သူတွင် ရှိနိုင်သည့် လှုံ့ဆော်မှုနှင့် အခြားသောအကြောင်းပြချက်များနှင့် ကွဲပြားရမည်ဖြစ်ကြောင်း ညွှန်ပြခဲ့ပါကြောင်း၊ အကယ်၍ ဖျက်ဆီးရန် ကြံရွယ်ချက်နှင့် အခြားကြံရွယ်ချက်နှစ်ခုလုံးသည် စနစ်တကျစီစဉ်ထားသော အပြုအမူပုံစံများမှ ကျိုးကြောင်းဆီလျော်စွာ ကောက်ယူနိုင်မည်ဆိုပါက လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်သည် ကျိုးကြောင်းဆီလျော်သော ကောက်ယူချက် မဟုတ်သည့်အပြင် သက်သေပြရန် စံနှုန်းများနှင့်လည်း ကိုက်ညီမှုမရှိပါကြောင်း၊ ဂမ်ဘီယာက လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်သည် ကျိုးကြောင်းဆီလျော်သော ကောက်ယူချက်ဖြစ်ကြောင်း တင်ပြရမည်ဖြစ်သော်လည်း ထိုသို့တင်ပြခဲ့ခြင်း မရှိပါကြောင်း လျှောက်လဲတင်ပြခဲ့ပါသည်။

Newspaper - 3441 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download