မြန်မာနိုင်ငံ၏ ရှေ့နေ Ms. Chiara Cordone ၏ လျှောက်လဲချက်
မြန်မာနိုင်ငံ၏ ရှေ့နေ Ms. Chiara Cordone ၏ လျှောက်လဲချက်
Ministry of Information/ Naypyitaw / January 18, 2026
ဂမ်ဘီယာသည် သက်သေအထောက်အထားနှင့် စပ်လျဉ်းသည့် ဥပဒေစည်းမျဉ်းများကို အငြင်းမပွားသော်လည်း ယင်းတို့ကို လက်တွေ့တွင် လိုက်နာကျင့်သုံးခဲ့ခြင်းမရှိကြောင်း၊ ဂမ်ဘီယာသည် ထင်မြင်ယူဆချက်သည် သက်သေအထောက်အထား ခိုင်မာမှုမရှိကြောင်း လက်ခံသော်လည်း ယင်းအထောက်အထားများကို အကြိမ်ကြိမ်တင်ပြနေပါကြောင်း၊ ဂမ်ဘီယာသည် တစ်ဆင့်ကြား သက်သေခံချက်များမှာ ခိုင်မာသည့်သက်သေခံချက်မဟုတ်ကြောင်း လက်ခံသော်လည်း တစ်ဆင့်ကြား သက်သေခံချက်များကို အမြဲမပြတ် ကိုးကားတင်ပြနေပါကြောင်း၊ ဂမ်ဘီယာသည် မီဒီယာဆောင်းပါးများမှာ အချက်အလက်ကို သက်သေပြနိုင်သည့် သက်သေခံချက် မဟုတ်ကြောင်း လက်ခံသော်လည်း မီဒီယာဆောင်းပါးများကို ကျယ်ကျယ်ပြန့်ပြန့် ကိုးကားတင်ပြနေပါကြောင်း၊ ဂမ်ဘီယာသည် FFM အစီရင် ခံစာများ၊ အခြားအဖွဲ့ အစည်းများနှင့် NGO များ၏ အစီရင်ခံစာများကို အလွန်အမင်းကိုးကားထားပါကြောင်း၊ တရားရုံးအနေဖြင့် တစ်ဖက်မှ တင်ပြလာသော FFM, IIMM, UN အဖွဲ့အစည်းများနှင့် NGO များ၏ အစီရင်ခံစာများပါ သက်သေအထောက်အထားများကို ဂရုတစိုက် သုံးသပ်ပြီး ယင်းအထောက်အထားများ၏ ခိုင်မာမှုကို အလေးထား စိစစ်ပေးရန် လိုအပ်ကြောင်းတင်ပြလိုပါကြောင်း၊ Armed Activities on the Territory of the Congo တွင် တရားရုံးအနေဖြင့် တရားဝင်အဖွဲ့အစည်းတစ်ခု၏ အစီရင်ခံစာတစ်စောင်အား ခိုင်လုံမှုရှိကြောင်း သုံးသပ်မည်ဆိုပါက တိုက်ရိုက်ပါဝင်သူများအား စစ်ဆေးခြင်း နည်းလမ်းဖြင့် ရရှိသော သက်သေခံချက်ပါဝင်ခြင်း၊ စစ်ဆေးရာတွင် ကျွမ်းကျင်သူတရားသူကြီးများက ပြန်လှန်စစ်မေးခြင်းဖြင့် ဆောင်ရွက်ခြင်း၊ ဘက်လိုက်မှု ကင်းမဲ့သူများက သက်သေခံချက်များ၏ မှန်ကန်မှုကို မေးခွန်းထုတ်ရန် မရှိခြင်းဟူသည့် အခြေအနေများနှင့် ကိုက်ညီရမည်ဖြစ်ပါကြောင်း၊ ဂမ်ဘီယာကတင်ပြသည့် အထူးသဖြင့် FFM, IIMM တို့ပါ သက်သေခံအထောက်အထားများ အားလုံးသည် အဆိုပါအခြေအနေများနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ တရားရုံးအနေဖြင့် အဆိုပါအစီရင်ခံစာများကို ခိုင်မာသည့်အထောက်အထားများအဖြစ် မှတ်ယူရန်မသင့်ကြောင်း၊ လက်မှတ်ရေးထိုးထားခြင်းမရှိသော သက်သေခံချက်များကို ခိုင်မာမှုရှိ မရှိ အကဲဖြတ်ရာတွင် အဆိုပါသက်သေခံချက် ပြုလုပ်သည့်ပုံစံနှင့် အခြေအနေတို့ကို ထည့်သွင်းစဉ်းစားသင့်ပါကြောင်း၊ အမည်ဖော်ပြပါရှိခြင်းမရှိသော သက်သေခံချက်များကိုလည်း သက်သေခံအဖြစ် လက်ခံရန်မသင့်ပါကြောင်း၊ တရားရုံး၏ ဆုံးဖြတ်ချက်တွင် အကျိုး ခံစားခွင့်ရရှိမည့် သက်သေ၏ သက်သေခံချက်ကိုလည်း တရားရုံးက အထူးဂရုပြု၍ စိစစ်ရန်လိုအပ်ပါကြောင်း၊ ဂမ်ဘီယာသည် မီဒီယာဆောင်းပါးများနှင့် စာအုပ်များ၏ အားနည်းသော သက်သေခံ တန်ဖိုးများကို အသုံးပြု၍ အခြားသက်သေခံ အထောက်အထားများဖြင့် သက်သေမပြနိုင်သော အချက်အလက်များကို အထောက် အပံ့ဖြစ်စေရေးအတွက် အသုံးပြုရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ သက်သေခံအထောက်အထားများ ခိုင်မာမှုရှိမရှိသည် သက်သေပြရန် အမြင့်ဆုံးစံနှုန်းများကို လိုက်နာရမည့် ယခုအမှု၏ အဓိကအကြောင်းခြင်းရာ ဖြစ်ပါကြောင်း၊ တရားရုံးအနေဖြင့် ၎င်း၏စီရင် ဆုံးဖြတ်ချက်များ၏ ဖြောင့်မတ်မှန်ကန်မှုကို ဖြစ်ပေါ်စေရေးအတွက် သက်သေပြရန် အမြင့်ဆုံးစံနှုန်းများကို တိကျစွာ လိုက်နာဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံက တင်ပြတောင်းဆိုအပ်ပါကြောင်း လျှောက်လဲတင်ပြခဲ့ပါသည်။
Newspaper - 3441 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
