မြန်မာ့မီးရထားပိုင် ရထားသံလမ်းဆက်ပြား၊ သံလမ်းဆက်မူလီများနှင့် သံလမ်းထိန်းကလစ်များ ဖြုတ်ယူဖျက်ဆီးမှုကြောင့် မန္တလေး - ရန်ကုန်ရထားလမ်းပိုင်းအတွင်း မြို့ဟောင်းမှ သီလဝါခရီးစဉ်ပြေးဆွဲသော ကုန်ရထားလမ်းချော်မှုဖြစ်ပွား


Ministry of Information/ Naypyitaw / December 14, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး မြို့ဟောင်းမှ ရန်ကုန်တိုင်းဒေသကြီး သီလဝါခရီးစဉ်အဖြစ် ယနေ့နံနက် ၁ နာရီ ၉ မိနစ်အချိန် စမုံဘူတာမှထွက်ခွာလာသည့် အမှတ်(၉၀၂) အစုန် ကုန်ရထားသည် နံနက် ၁ နာရီ ၁၈ မိနစ်၌ ဝမ်းတွင်းမြို့နယ် စမုံနှင့် သဲတောဘူတာအကြား မိုင်တိုင် အမှတ် (၃၂၇/၁၂-၁၁)ရှိ ပေ ၈၀ ကွန်ကရစ်ပေါင် တံတားအမှတ် ၆၈၇/A အရောက်တွင် မန္တလေးဘက်တံတား အဝင်ထိပ်နေရာနှင့် သံလမ်းဆက်အတွင်း အခြားတစ်နေရာ စုစုပေါင်း နှစ်နေရာရှိ ရထားသံလမ်း ဆက်ပြားနှင့် သံလမ်းဆက်မူလီ (Bolt &Nut) များ၊ ကွန်ကရစ်ဇလီဖားတုံးနှင့် သံလမ်းအား ချိတ်ဆက်သည့် သံလမ်းထိန်း ကလစ်များအား မသမာသူများက ရထားလမ်းချော်မှုဖြစ်ပွားစေရေး ယုတ်မာပက်စက်သောအကြံဖြင့် ဖြုတ်ယူဖျက်ဆီးခဲ့မှုကြောင့် လမ်းချော်ကျခဲ့သဖြင့် ရထားတွဲဆိုင်းပါ စက်ခေါင်း နောက် ၁၅ တွဲ မြောက်မှ ၁၇ တွဲ မြောက်အထိ ကုန်အပြည့်တင်ဆောင်ထားသည့် အလုံပိတ် ကုန်တွဲ နှစ်တွဲနှင့် ဘရိတ်တွဲတစ်တွဲ လမ်းချော်ကျမှုဖြစ်ပွားခဲ့သည်။

ရထားလမ်းချော်ကျမှုကြောင့် စမုံ-သဲတော အစုန်ရထားလမ်း ပိုင်းအား ယနေ့ နံနက် ၁ နာရီခွဲတွင် ယာယီပိတ်ထားခဲ့ရပြီး လမ်းချော်ကြသည့် တွဲသုံးတွဲကို မတင်ခြင်းဆောင်ရွက်ခဲ့ရာ ယနေ့မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် ပြီးစီးခဲ့ပြီး ပျက်စီးသွားသော ကွန်ကရစ်ဇလီဖားတုံးများ အစားထိုးတပ်ဆင်ခြင်းကို မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ပြီးစီးခဲ့သဖြင့် အမှတ်(၉၀၂)အစုန် ကုန်ရထားသည် မွန်းလွဲ ၂ နာရီခွဲတွင် သီလဝါသို့ ဆက်လက်ထွက်ခွာသွားကြောင်းနှင့် လမ်းပိုင်း ကို ယနေ့မွန်းလွဲ ၂ နာရီ ၄၁ မိနစ် တွင် ပြန်လည်ဖွင့်လှစ်၍ ရထားများ ပုံမှန်အတိုင်း ပြေးဆွဲလျက်ရှိသည်။

အဆိုပါလုပ်ရပ်သည် ရထားစီးခရီးသွားပြည်သူများကို ထိခိုက်သေဆုံးနိုင်ပြီး ကုန်စည်ပို့ဆောင်မှုကိုပါ ထိခိုက်ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ ကြုံတွေ့ရနိုင်သည့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လုပ်ရပ်တစ်ခုဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မသမာသူများ၏ လုပ်ရပ်အားတွေ့ရှိပါက ရထားမတော်တဆမှုများ ကာကွယ်နိုင်ရန် သက်ဆိုင်ရာသို့ အချိန်မီ အကြောင်းကြားသွားရန် လိုအပ် သည်။

ထို့ပြင် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေး လုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ဂ)အရ ရထားလမ်းရှိ ဇလီဖားတုံး၊ ရထားလမ်းနှင့် သက်ဆိုင်သည့် မည်သည့်ဆက်စပ်နေသော အရာဝတ္ထုကိုမဆို ဆွဲထုတ်ဖယ်ရှားခြင်း၊ ဖြေလျှော့ခြင်း၊ ရွှေ့ပြောင်းခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄) အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ အထိ မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်ကြောင်းသိရှိရပြီး ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်လှစ်ထားရှိကာ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3410 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download