မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ အမျိုးသား တစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ အမျိုးသား တစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ Naypyitaw / July 14, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁ ရက်က မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ အမျိုးသား တစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁ ရက် မွန်းတည့် ၁၂ နာရီတွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ(၄)ရပ်ကွက်၊ ရွှေဟင်္သာဈေးအတွင်းရှိ “ရွှေရတနာဦး” ရွှေဆိုင်၌ မြို့မ(၁)ရပ်ကွက်နေ ရွှေဆိုင် ပိုင်ရှင်ဖြစ်သူ ဦးပန်းလာ(၆၉)နှစ်သည် သမီးဖြစ်သူ ဒေါ်ခင်ပပမျိုး(၄၉)နှစ်ပါ ရွှေဆိုင်ဝန်ထမ်း ၁၄ ဦးတို့ နှင့်အတူ ရှိနေစဉ် ဆိုင်ကယ်ဦးထုပ်ဆောင်းထားပြီး မျက်မှန်အနက်ရောင် တပ်ဆင်ထားသည့် အမျိုးသား တစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး ၎င်းနှင့်အတူ အသင့်ယူဆောင်လာသည့် သေနတ်အတိုဖြင့် ရွှေဆိုင်အမိုးအား သုံးချက်ပစ်ခတ်စဉ် ရွှေဆိုင်ဝန်ထမ်းများမှ ဝိုင်းဝန်းအော်ဟစ်သဖြင့် ဦးပန်းလာနှင့် ဒေါ်ခင်ပပမျိုးတို့အား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ပြီး ဦးပန်းလာတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းနှင့် ဒေါ်ခင်ပပမျိုးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့သူများအား မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကာ ရွှေထည်ပစ္စည်းများ ဆုံးရှုံးခဲ့ခြင်း မရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ရွှေဆိုင်အတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသူ အမျိုးသား တစ်ဦး(စိစစ်ဆဲ)အား မုဒုံမြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်ကာ ပြစ်မှုကျူးလွန်သူတရားခံအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Newspaper - 3466 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
