ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်


Ministry of Information/ Naypyitaw / November 08, 2025
image_latest


စစ်တွေ  နိုဝင်ဘာ  ၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးဝင်းခြံစည်းရိုးများ သန့်ရှင်းကောင်းမွန်စေရေးနှင့် မြောက်ဘက်မုခ်ဝ တံခါးအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအခြေများအား သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က ဘုရားပရိဝုဏ်သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည်များကို စနစ်တကျ ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုန်တန်းရပ်ကွက်ရှိ လင်းသုတ စာကြည့်တိုက်အား အဆင့်မြင့်တင်ဆောင်ရွက်နိုင်ရေးသွားရောက်ကြည့်ရှုကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် ဆောင်ရွက်ပေးရမည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားပြီး စာကြည့်တိုက်အတွက် သုတ၊ရသ စာအုပ်စာစောင်များလှူဒါန်းခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆတ်ရိုးကျရပ်ကွက် ဓမ္မာရုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ရူပမြောက်ရပ်ကွက်နှင့် တရားသီးစုရပ်ကွက်ရှိ ယာယီအားကစားကွင်းများအား လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြရာ စစ်တွေခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ပြီးညှိနှိုင်းပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သူကြီးရပ်ကွက်၊ တိန့်ရွှေစက်မှုလက်မှုလုပ်ငန်းနှင့် အိုလံပစ်အားကစားကာယဗလနှင့်အလေးမအသင်း တို့ကို သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ပြီးညှိနှိုင်းပေးခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်သည်။

အစည်းအဝေးတွင်  ပြည်နယ်ဝန်ကြီးချုပ်က ဒီဇင်ဘာ ၁၅ ရက် (တနင်္လာနေ့) သည် (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပြီးအစွမ်းကုန်ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်နေ့ အခမ်းအနားအပြင် အခြားနေ့ထူးနေ့မြတ်အခမ်းအနားများကိုလည်း နှစ်စဉ်ကျင်းပပေးလျက်ရှိပြီး ယခင်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်ခဲ့သည့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ အနှစ်သာရရှိရှိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် နယ်ပယ်အသီးသီးမှ သက်ဆိုင်ရာကဏ္ဍများတွင် စွမ်းစွမ်းတမံ ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသူများကို စီမံထူးချွန်ဆု၊ လယ်ယာစီးပွားထူးချွန်ဆု၊  စက်မှု စီးပွားထူးချွန်ဆု၊  လူမှုထူးချွန်ဆုနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအား ပေးအပ်ချီးမြှင့်နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ယခင်နှစ်များနည်းအတူ စည်ကားသိုက်မြိုက်စွာ အနှစ်သာရရှိရှိ အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအတွက်ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်နေ့အခမ်းအနား မကျင်းပမည် ကော်မတီအလိုက် အချိန်ယူ၍ဆောင်ရွက်ရမည့် အားကစားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် အခြားပြိုင်ပွဲများ၊ နယ်ပယ်အသီးသီးမှ သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်စွာ ဆောင်ရွက်ခဲ့သူများကို စီမံ၊ စီးပွား၊ လူမှုထူးချွန်ဆုများ ချီးမြှင့်ပေးရန်ရှိသဖြင့် သက်ဆိုင်ရာကော်မတီများအလိုက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို တက်ရောက်လာကြသည့် အစိုးရအဖွဲ့နှင့် ဖွဲ့စည်းတာဝန်ပေးအပ်မည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ အနေဖြင့် စိတ်အားထက်သန်းစွာဖြင့် ကော်မတီအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း၊ ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့် အတွ့အကြုံများကိုအ‌ခြေခံပြီး လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးပေးစေလိုကြောင်း၊ ကျင်းပမည့် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ အထိမ်းအမှတ်ပွဲများအားအပြင် ဂုဏ်ပြုညစာစားပွဲ ပြုလုပ်သည့် အဆင့်အထိကို ကျင်းပနိုင်ရန် စီမံဆောင်ရွက်ထားသည့်အတွက် ကော်မတီတွင်ပါဝင်သောဥက္ကဋ္ဌ၊ အတွင်းရေးမှူးများအပြင် အဖွဲ့ဝင်များက မိမိကျရာကဏ္ဍအလိုက် ကြိုးစား ဆောင်ရွက်ပေးသွားစေလိုကြောင်းပြောကြားသည်။

ထို့နောက် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းများဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြကြကာ  ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တန်ဆောင်တိုင်ပွဲတော်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး

Newspaper - 3376 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download