ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
Ministry of Information/ Naypyitaw / September 20, 2024
နေပြည်တော် စက်တင်ဘာ ၂၀
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ရေများပြန်လည်ကျဆင်းသွားသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့နှင့် ကလောမြို့နယ်တို့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင်လည်းကောင်း ရပ်ကွက်၊ ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နုန်းများ၊ သစ်ပင်သစ်ကိုင်းများဖယ်ရှားပေးခြင်း အပါအဝင် အခြားလိုအပ်သည်များကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ယာယီရေဘေးရှောင်စခန်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် အလှူရှင်များက ထောက်ပံ့ပစ္စည်းများ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို အားတက်သရော ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်တွင် ဖွင့်လှစ်ထားရှိသည့် ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ အဆိုပါစာသင်တိုက်မှ တိုက်အုပ်ဆရာတော်အားဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများပေးအပ်သည်။ ထို့နောက် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ရေသန့်ထုတ်လုပ်ပေးသည့် တပ်မတော်မော်တော်ယာဉ် ရွှေ့လျားရေသန့်စက်ဖြင့် သောက်ရေသန့်ထုတ်လုပ် ဖြန့်ဝေပေးနေမှုများကိုလည်းကောင်း၊ နယ်မြေခံတပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ သာယာကုန်းကျေးရွာနှင့် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာသို့ ဆက်သွယ်ထားရှိသော ဆင်သေချောင်းကူးတံတားသို့သွားရောက်၍ တံတားချဉ်းကပ်လမ်းပျက်စီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်သို့ ဆက်သွယ်ထားရှိသော မြို့နယ်ချင်းဆက် ဆင်သေချောင်းကူးတံတားသည် ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ၊ ချောင်းကမ်းကြီးကျေးရွာ၊ ညောင်ပင်ကြီးကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ရုံးပင်စောင်းကျေးရွာနှင့် စည်ပင်သာယာကျေးရွာတို့မှ ကျောင်းသား/ကျောင်းသူများက ပျဉ်းမနားမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ ကျောင်းတက်ရောက်ရာတွင် အသုံးပြုရသော ဆင်သေချောင်းကူးတံတားဖြစ်ကြောင်း သိရှိရသည်။
၎င်းအပြင် ရေကြီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/တံတားများကိုလည်း လမ်းပန်းဆက်သွယ်ရေး အမြန်ပြန်လည်ကောင်းမွန်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပျက်စီးခဲ့သည့် လမ်း/တံတားများကိုလည်း ယာယီသံဘောင် ဘေလီတံတားများ အစားထိုး၍ အမြန်ဆုံးပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြုပြင်ရန်ကျန်ရှိနေသည့် တံတားများကိုလည်း အမြန်ဆုံး ဆက်လက်ပြုပြင်ဆောင်ရွက်လျက်ရှိသည်။
Newspaper - 2942 items
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ အောက်တိုဘာ ၅ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ အောက်တိုဘာ ၄ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ အောက်တိုဘာ ၃ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ အောက်တိုဘာ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ အောက်တိုဘာ ၁ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 30, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 29, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 28, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 27, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 26, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download