ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့၌ လျှပ်စစ်မီးများ ပြန်လည်ရရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့၌ လျှပ်စစ်မီးများ ပြန်လည်ရရှိ
Ministry of Information/ Naypyitaw / November 08, 2025
နေပြည်တော် နိုဝင်ဘာ ၈
တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေး(Counter - Terrorism Operation) ကို တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ဒေသခံပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကျောက်မဲမြို့အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ အကြမ်းဖက်သမားများကကျောက်မဲမြို့အား ခေတ္တထိန်းချုပ်ထားစဉ်ကာလအတွင်း ဌာနဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို မီးရှို့၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသဖြင့် နိုင်ငံတော်အစိုးရနှင့်တပ်မတော်အနေဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် လျှပ်စစ်ဓာတ်အားများကိုလည်း အမြန်ဆုံးရရှိအောင်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ကျောက်မဲမြို့နယ်ရှိ နမ့်စောင်းငေါင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ၁၁ ကေဗွီ ဓာတ်အားလိုင်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၄ ရက် ည ၆ နာရီတွင် လက်ခံရရှိခဲ့ပြီး အဆိုပါဓာတ်အားလိုင်းမှတဆင့် ၁၁/၀.၄ ကေဗွီ ၄၀၀ ကေဗွီအေ ရဲစခန်းထရန်စဖော်မာ၊ ၁၁/၀.၄ ကေဗွီ ၃၁၅ ကေဗွီအေ ကမ္ဘောဇထရန်စဖော်မာ၊ ၁၁/၀.၄ ကေဗွီ ၁၀၀ ကေဗွီအေ လျှပ်စစ်ရုံး ယာယီထရန်စဖော်မာနှင့် ၁၁/၀.၄ ကေဗွီ ၅၀ ကေဗွီအေ ဆေးရုံယာယီထရန်စဖော်မာတို့အား ဓာတ်အားများ ပို့လွှတ်ပေးနိုင်ခဲ့သည်။
အဆိုပါထရန်စဖော်မာများသို့ ဓာတ်အားပို့လွှတ်ပေးနိုင်မှုကြောင့် ဌာနဆိုင်ရာများယာယီရုံး (ကမ္ဘောဇရှမ်းကျောင်းကြီး)၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်/မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ခရိုင်စီမံကိန်းရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စာရင်းရုံး၊ မြို့မရဲစခန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဦးစီးဌာန၊ ပြည်သူ့ဆေးရုံနှင့် ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ ကျောက်မဲမြို့ ကျက်သရေဆောင်ခန်းမတို့၌ လျှပ်စစ်မီးများပြန်လည်ရရှိနေပြီဖြစ်ပြီး ကျန်ရှိသည့် နေရာများအား တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လျှပ်စစ်မီးများအမြန်ဆုံးရရှိအောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Newspaper - 3379 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
