ရှေးဟောင်းအမွေအနှစ် ဂုတ်ထိပ်တံတားကြီး အောင်မြင်စွာ ပြင်ဆင်ပြီးစီး၊ ရှုခင်းကြည့် RBE ရထားများလည်း မကြာမီ ပြန်လည်ပြေးဆွဲပေးသွားနိုင်တော့မည်


Ministry of Information/ Naypyitaw / November 13, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၂

၂၀၂၅ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် သောင်းကျန်းသူများ၏ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်ရှိ ရှေးဟောင်းအမွေအနှစ် ဂုတ်ထိပ်တံတားကြီး၏ ပျက်စီးသွားသော အစိတ်အပိုင်းများကို မြန်မာ့မီးရထား အင်ဂျင်နီယာများက ရှေးမူရင်းလက်ရာဒီဇိုင်းအတိုင်း အောင်မြင်စွာ ပြန်လည်ပြင်ဆင်ပြီးစီးခဲ့ပြီးဖြစ်သဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဒုတိယဝန်ကြီးဦးအောင်မြိုင်နှင့် မြန်မာ့မီးရထားမှတာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ယမန်နေ့တွင် ဂုတ်ထိပ်တံတားကြီးပေါ်၌ ရထားစမ်းသပ်မောင်းနှင်နေခြင်းအား သွားရောက်စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(မြောက် ပိုင်း)သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံသို့ ရောက်ရှိစစ်ဆေးရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်း များက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှစ၍ အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်ဖျက်ဆီးခဲ့ခြင်း ကြောင့် ကွန်ကရစ်ဇလီဖားစက်ရုံ၏ ပျောက်ဆုံး/ပျက်စီးသွားခဲ့သော စက်စ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အရန်ထားရှိသည့်ပစ္စည်းများ၊ ယာဉ်ယန္တရားများ စုစုပေါင်း ၁၇၉ မျိုး၊ ကာလတန်ဖိုးငွေကျပ် ၃၈၈၈ ဒသမ ၆၂ သန်း ခန့်ဆုံးရှုံးခဲ့ရသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက စက်ရုံအမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေးနှင့် လုပ်ငန်းအပေါ်မူတည်၍ အရေးကြီးသည့်ကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်ရန် ကိစ္စရပ်များကို မှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ယင်းနောက် သီပေါမြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(အော်တိုအိတ်ချိန်း)ရုံး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြို့နယ်ရုံး)၊ သီပေါဘူတာနှင့် မြန်မာ့စာတိုက်လုပ်ငန်း (သီပေါစာတိုက်)တို့ကို ကြည့်ရှုစစ်ဆေးကာ မြန်မာ့စာတိုက်လုပ်ငန်း(သီပေါစာတိုက်)၌ ဝန်ကြီးဌာန၏ ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းပြီး ရည်မှန်းချက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ လုပ်ငန်းများကိုစနစ်တကျဆောင်ရွက်ရေးနှင့် မိမိတို့၏လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာ၌ စေတနာထားကြိုးစားဆောင်ရွက်ရေးကိစ္စများကိုမှာကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ ငွေများ ပေးအပ်သည်။

ထောက်ပံ့ငွေများ ပေးအပ်

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောက်မဲမြို့သို့သွားရောက်၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ယာဉ်စည်းကမ်းလမ်းစည်းကမ်းပညာပေးသင်တန်းခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

လမ်းပိုင်းကြံ့ခိုင်မှုစစ်ဆေး

ဆက်လက်၍ ကျောက်မဲဘူတာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘူတာနှင့်ယာဒ်ဝန်းများသန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ ရထားများပြန်လည်ပြေးဆွဲနိုင်ရေးအတွက် လမ်းပိုင်းကြံ့ခိုင်မှုအခြေအနေများကို စစ်ဆေးပြုပြင်သွားရန်ကိစ္စရပ်များကို မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်ဘူတာသို့ရောက်ရှိပြီး ရာနှုန်းပြည့်ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်သည့် ဂုတ်ထိပ်တံတားကြီးပေါ်မှ ကုန်တန်ချိန် ၂၀၉ တန် တင်ဆောင်ထားသည့် ရထားတွဲဆိုင်းဖြင့် စမ်းသပ်ဖြတ်သန်း မောင်းနှင်နေမှုကို ကြည့်ရှုကာ RGC သံလမ်းပြေးယာဉ်ဖြင့် ဂုတ်ထိပ်ဘူတာမှ လားရှိုးဘက်ခြမ်းတံတားထိပ်အထိ လိုက်ပါစီးနင်း၍ ကြည့်ရှုစစ်ဆေးသည်။

ရှေးမူမပျက် ပြန်လည်ပြင်ဆင်

အဆိုပါ ဂုတ်ထိပ်တံတားသည် ယခုနှစ် ဩဂုတ် ၂၄ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် တံတား ကြီး၏ လားရှိုးဘက်အခြမ်း ကမ်းကပ်ခုံနှင့် တံတား တိုင်အမှတ် ၁၆ အကြား တံတားသံပေါင်နှစ်ဖက်စလုံး ကျိုးကျပျက်စီးခဲ့ရပြီး ယင်းပျက်စီးသွားသော တံတားသံပေါင်နေရာများတွင် မြန်မာ့မီးရထား အင်ဂျင်နီယာဌာန၏ တံတားပေါင်အလုပ်ရုံ (ရန်ကုန်)မှ ထုတ်လုပ်သည့် သံပေါင်များဖြင့် ရက်ပေါင်း ၇၆ ရက်အတွင်း ပြန်လည်အစားထိုးတပ်ဆင်ပြီး ရှေးမူ မပျက် ပြန်လည်ပြင်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက ဂုတ်ထိပ်တံတားကြီးကို အချိန်တိုအတွင်းအမြန်ပြီးစီးအောင် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် တံတားပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော မြန်မာ့မီးရထားမှ အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂုတ်ထိပ်ဘူတာသို့ RGC ရထားဖြင့်ပြန်လည်ရောက်ရှိပြီး သမိုင်းအမွေအနှစ်တံတားကြီးတစ်ခုဖြစ်သည့်အပြင် ပြည်တွင်းပြည်ပမှခရီးသွားများ အထူးစိတ်ဝင်စားသည့် နေရာတစ်ခုဖြစ်သည့်အတွက် ဘူတာနှင့်ဘူတာယာဒ်ဝန်းအား အမြဲတမ်းသန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ကြရန် မှာကြားသည်။

ယခုအခါ မြန်မာ့မီးရထားမှ အင်ဂျင်နီယာဝန်ထမ်းများက အဆိုပါ ဂုတ်ထိပ်တံတားကြီး၏ ပျက်စီးသွားသည့်အစိတ်အပိုင်းကို ရှေးမူရင်းလက်ရာဒီဇိုင်းပုံစံအတိုင်း ပြန်လည်ပြင်ဆင်ပြုပြင်ပြီးစီးပြီဖြစ်၍ ယခင်ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်ဘူတာသို့ပြေးဆွဲပေးလျက်ရှိသော ရှုခင်းကြည့် RBE ရထားများကိုလည်း မကြာမီ ပြန်လည်ပြေးဆွဲပေးသွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3348 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download