လယ်ယာမြေဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေး


Ministry of Information/ Naypyitaw / August 10, 2025
image_latest


နေပြည်တော် ဩဂုတ် ၉

(၇၈)ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ ၌ လယ်ယာမြေဥပဒေဆိုင်ရာ သိကောင်းစရာများခေါင်းစဉ်ဖြင့် ကျင်းပသည်။

ပြောကြား

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ယနေ့ဆွေးနွေးပွဲသည် တောင်သူများ လက်တွေ့အသုံးချနိုင်သောအချက်များကို ရရှိစေရန်နှင့် ဥပဒေနှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ပြီး အကာအကွယ်ရှိစေရန် အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍဆိုင်ရာဥပဒေများနှင့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများက လယ်ယာမြေဥပဒေဆိုင်ရာ သိကောင်းစရာများခေါင်းစဉ်ဖြင့် အခြေခံမြေမျိုးသတ်မှတ်ချက်များ၊ လယ်ယာမြေအမျိုးအစားများ၊ လယ်ယာမြေဥပဒေဆိုင်ရာရည်ရွယ်ချက်များ၊ လယ်ယာမြေဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားနိုင်သူများ၊ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်(ပုံစံ-၇) ထုတ်ပေးခြင်း လုပ်ငန်းစဉ်၊ လယ်ယာမြေလုပ်ပိုင်ခွင့် အခွင့်အရေးများ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ တားမြစ်ချက်များ၊ လိုက်နာရန်ပျက်ကွက်ပါက အရေးယူဆောင်ရွက်ခြင်းများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားကြသည်။

ဆွေးနွေးပွဲသို့ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်နှင့် သုတေသီများ၊ နေပြည်တော်ကောင်စီနယ်မြေမှ တောင်သူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပညာရှင်နှင့် တောင်သူများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3500 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download