သက်ဆိုင်ရာနိုင်ငံများ၏ ဈေးကွက်စံနှုန်းနှင့်အညီ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်


Ministry of Information/ Naypyitaw / June 15, 2025
image_latest


နေပြည်တော် ဇွန် ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန၌ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် သင်တန်းသားအိပ်ဆောင်အဖြစ် အသုံးပြုမည့် အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တိရစ္ဆာန်ဆေးကု သိပ္ပံဒီပလိုမာသင်တန်းအမှတ်စဉ် (၂) တွင် လေ့လာသင်ယူလျက်ရှိကြသည့် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးကဏ္ဍအတွက် စွမ်းဆောင်ရည်ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာရေး ကြိုးစားအားထုတ်ကြရန် အားပေး စကားပြောကြားပြီး ကျောင်းသား ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) ရှိ Shwe Ngar Processing and Cold Storage Plant သို့ရောက်ရှိပြီး တန် ၅၀၀ ဆံ့ အအေးခန်း စက်ရုံတည်ဆောက်၍ အပ်ကုန်လက်ခံဆောင်ရွက်နေမှု၊ အေးခဲရေချိုရေငန်ငါးများ အား UK, ITALY, Belgium, UAE, Singapore နိုင်ငံများသို့ တင်ပို့နေမှုတို့ကိုလည်းကောင်း၊ ဇုန်(၆)ရှိ GLORY ONE COMPANY LIMITED အအေးခန်းစက်ရုံတွင် နိုင်ငံတကာဈေးကွက်သို့တင်ပို့နိုင်ရန် Good Manufacturing Practices (GMP), Hazard Analysis Critical Control Points System (HACCP) စနစ် နှင့်အညီ ရေချိုရေငန် ငါး ၊ ပုစွန် များ၊ ငါးခြောက်၊ ပုစွန်ခြောက်နှင့် ဗာလချောင်ကြော်များကို ဈေး ကွက်လိုအပ်ချက်အရ ပြုပြင်ထုတ်လုပ်၍ အီရတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကာတာ၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် စသည့်အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများသို့ တင်ပို့နေမှု၊ MIN ZAR NI FISHERIES Co., Ltd. ၏ ငါးအသားချောင်း၊ ရေချို ရေငန် ငါးအေးခဲမှုနှင့် ငါးရှဉ့်များ ကို Korea, Taiwan, Japan, Hong Kong, China နိုင်ငံများသို့ တင်ပို့နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာနိုင်ငံများ၏ ဈေးကွက်စံနှုန်းနှင့်အညီ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3463 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download