သံတမန်ဆက်ဆံမှု (၇၆) နှစ်မြောက်နှင့် တရုတ်ရုပ်ရှင် ရက်သတ္တပတ်
သံတမန်ဆက်ဆံမှု (၇၆) နှစ်မြောက်နှင့် တရုတ်ရုပ်ရှင် ရက်သတ္တပတ်
Ministry of Information/ Naypyitaw / June 09, 2026
မြန်မာနှင့် တရုတ်တို့၏ နှစ်နိုင်ငံကြား နယ်နိမိတ်မှာ ၁၃၈၄ မိုင်ခန့် ရှည်လျားသည်။ ဤမျှရှည်လျားသော နယ်နိမိတ်ကို ဖြတ်ကျော်၍ နှစ်ပေါင်းထောင်ချီသည့် အချိန်ကာလများတစ်လျှောက် လူများ၊ ကုန်စည်များသာမက ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ အနုသုခုမတို့ပါ အပြန်အလှန်စီးဆင်းခဲ့ရာတွင် ယဉ်ကျေးမှုများ ပေါင်းစည်းကြွယ်ဝခြင်း သဘောတရားအရ မိမိတို့နိုင်ငံအဖို့လည်း အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းခဲ့သည်။
ဇွန် ၈ ရက်မှ ၁၁ ရက်အထိပြသမည့် “၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ်” ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်၍ အမှာစကားပြောကြားရာတွင် “ရုပ်ရှင်မပေါ်ခင် ကာလများမှ ခေတ်အဆက်ဆက်ကတည်းက နှစ်နိုင်ငံအကြား စာပေနှင့် ဂီတ၊ သဘင်ကဏ္ဍများမှတစ်ဆင့် ပြည်သူများအကြား အပြန်အလှန်စီးဆင်းပေါင်းစည်းခဲ့ကြကြောင်း၊ တရုတ်နိုင်ငံ၏ လေးနက်လှသည့် ဂန္ထဝင်ဝတ္ထုကြီးများ၊ တရုတ်ရိုးရာစစ်ဗျူဟာများ၊ သစ္စာတရားများကို မြန်မာ့စာပေလောက၌ ဘာသာပြန်ဖတ်ရှုကြရသည့်အတွက် ယနေ့ထက်ထိ ရှင်သန်နေဆဲဖြစ်ကြောင်း၊ ထိုကဲ့သို့ စာပေ၊ ဂီတ၊ အနုပညာအခြေခံအုတ်မြစ်များ ခိုင်မာခဲ့သည့် အစဉ်အလာကြောင့်ပင် ယနေ့ခေတ်ရုပ်ရှင်ကဏ္ဍ၌ ပိုမိုကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့ မြန်မာ့စာပေလောကတွင် ကမ္ဘာ့အစောဆုံးစစ်ပညာကျမ်းဖြစ်သည့် တရုတ်စစ်ပါရဂူစစ်သူကြီး ဆွန်ဇူး (Sun Tzu) ၏ စစ်ဝိဇ္ဇာပညာကျမ်း (The Art of War) ကို အကြိမ်ကြိမ်ဘာသာ ပြန်ဆိုထုတ်ဝေခဲ့ပြီး ဖြစ်သကဲ့သို့ ချင်မင်းဆက် (Qing Dynesty) ကာလအတွင်း စာရေးဆရာ ချောင်းရွှယ်ချင် (Cao Xueqin) ရေးသား ခဲ့သော တရုတ်ဂန္ထဝင်စာပေသမိုင်းတွင် အကြီးကျယ်ဆုံးနှင့် သြဇာ အရှိဆုံးဝတ္ထုကြီးဖြစ်သည့် “ခန်းဆောင်နီအိပ်မက်” (Dream of the Red Chamber) ကိုလည်း မြန်မာစာရေးဆရာကြီး မြသန်းတင့်က အခန်း ၁၂၀ လုံးကို အဆင့်မြင့်မားစွာ ဘာသာပြန်ဆိုခဲ့ရာ အမျိုးသားစာပေဆုရစာအုပ်အဖြစ် တခမ်းတနားတည်ရှိနေပြီဖြစ်သည်။ ထိုမျှမက တရုတ်ဘာသာမှ တိုက်ရိုက်ပြန်ဆိုသည့် စာအုပ်များ၊ အင်္ဂလိပ်ဘာသာမှတစ်ဆင့် ပြန်ဆိုသည့်စာအုပ်များ စသည့် သုတ၊ ရသ၊ ကျမ်းစာအုပ်များလည်း အများအပြားရှိနေသည်။
ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများတွင်လည်း တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့မှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများကို လွန်ခဲ့သည့် ဆယ်စုနှစ်များမှပင် စတင်ကာ မြန်မာတို့ စွဲလမ်းနှစ်သက်စွာ ကြည့်ရှုခံစားခဲ့ကြခြင်းဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည့် “အနောက်သို့ ခရီးသွားခြင်း” (Journey to the West) ဆိုလျှင် မြန်မာမိသားစုတို့၏ ညဉ့်ဦးယံဧည့်ခန်းကို မိသားစုဝင်အားလုံးစုံညီစေခဲ့သည်။ ထိုစဉ်က မျောက်မင်းစွန်းဝူခုန်းကို သဘောကျနှစ်သက်ခဲ့ကြသည့် ကလေးများမှာ ယခုဆိုလျှင် မိဘအရွယ်သို့ပင် ရောက်ရှိခဲ့ကြပြီဖြစ်သည်။ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများဆိုသည်မှာ အချက်အလက်များ၊ ရိုက်ကူးတင်ပြပုံများက ပေးလျှင်ပေးသလို လူမျိုးတစ်မျိုးနှင့် တစ်မျိုးသိနားလည်မှု၊ ချစ်ခင်ရင်းနှီးမှုရရှိနိုင်ရန် စွမ်းဆောင်နိုင်စွမ်းအမြင့်မားဆုံးသော မီဒီယာများ ဖြစ်ကြသည်။
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်မှု (၇၆) နှစ်မြောက် အခါသမယအထိမ်းအမှတ်အဖြစ် “၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ်” ကို ဇွန် ၈ ရက်မှ ၁၁ ရက်အထိ နေပြည်တော် ဥတ္တရသီရိ Ocean ဈေးဝယ်စင်တာရှိ JCGV ရုပ်ရှင်ရုံ၌ ကျင်းပသွားမည်ဖြစ်ရာ မြန်မာဘာသာစာတမ်းထိုး တရုတ်ရုပ်ရှင်ဇာတ်ကား ၇ ကားကို အခမဲ့ပြသသွားမည်ဟု သိရသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံကြီးဖြစ်ပြီး နိုင်ငံသစ်ထူထောင်သည်မှစ၍ တရုတ်ခေါင်းဆောင်များနှင့် တရုတ်ပြည်သူများ၏ မဆုတ်မနစ် ကြိုးစားရုန်းကန်မှုများ၊ ဇွဲသတ္တိနှင့် လုံ့လဝီရိယများ၊ ဖွံ့ဖြိုးတိုးတက်မှုလှေကားကို တစ်ဆင့်ပြီးတစ်ဆင့် ခိုင်ခိုင်မြဲမြဲတက်လှမ်းလာမှုများမှာ မိမိတို့မျက်စိရှေ့မှောက်မှာပင် မြင်တွေ့နေရသည့် ဇာတ်လမ်းရှည်ကြီး တစ်ပုဒ်သဖွယ်ပင်ဖြစ်ပြီး မုဒိတာပွားဖွယ်ဖြစ်သကဲ့သို့ အတုယူဖွယ်လည်းဖြစ်သည်။
အိမ်နီးချင်းဟူသည် ရွေးချယ်ခွင့်မရသကဲ့သို့ ထာဝစဉ်အတူယှဉ်တွဲနေထိုင်သွားကြရမည်လည်းဖြစ်ရာ တရုတ်နှင့် မြန်မာကြားမှ ရှိရင်းစွဲ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်လက်ရှင်သန်တိုးတက်နေစေရမည်ဖြစ်သည်။ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၆) နှစ်ပြည့် မြောက်သည့် အခါသမယအတွင်း နှစ်နိုင်ငံအစိုးရများ၊ ပြည်သူများနှင့် အလွှာအသီးသီးတို့ကြား ဆက်ဆံရေးသည် စဉ်ဆက်မပြတ် တိုးတက်လျက်ရှိသကဲ့သို့ အနာဂတ်ကာလတစ်လျှောက်တွင်လည်း ချစ်ခင်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ မြင့်သည်ထက်မြင့်မားပါစေကြောင်း။ ။
Newspaper - 3551 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
