အခြေခံမဲစာရင်းတွင် ပါဝင်ရမည့်လူဦးရေစာရင်းများပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ စည်းဝေး
အခြေခံမဲစာရင်းတွင် ပါဝင်ရမည့်လူဦးရေစာရင်းများပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ စည်းဝေး
Ministry of Information/ Naypyitaw / January 24, 2025
နေပြည်တော် ဇန်နဝါရီ ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အခြေခံမဲစာရင်းတွင်ပါဝင်ရမည့် လူဦးရေစာရင်းများပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မှားယွင်းမှုမရှိစေရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် မဲစာရင်းများမှန်ကန်ရေးသည် အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်သဖြင့် မဲစာရင်းပြုစုရာတွင် ဥပဒေနှင့်အညီ မြေပြင်တွင် နေထိုင်သူများဖြစ်ကြသည့် နိုင်ငံသားစိစစ်ရေးလက်မှတ် တစ်ခုခုကိုင်ဆောင်ထားရှိပြီး အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)တွင် ပါရှိသူများ၏စာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှရယူပြီး ထိုသူများသည် မြေပြင်တွင် အမှန်နေထိုင်မှု ရှိမရှိ၊ သေဆုံး၊ ပျောက်ဆုံးနှင့် ပြောင်းဝင်၊ ပြောင်းထွက်သူများ၏စာရင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှရယူကာ မဲစာရင်းပြုစုရန် စီစဉ်ထားရှိကြောင်း ပြောကြားသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ အီလက်ထရွန်နစ် မှတ်ပုံတင်စနစ်ဦးစီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3421 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
