အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားတွင် အဖွင့်အမှာစကားပြောကြား


Ministry of Transport and Communications/ Naypyitaw / March 24, 2025
image_latest


နေပြည်တော်၊ မတ် ၂၂

၂၀၂၅ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားနှင့် ပြပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၊ နေပြည်တော်၌ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး နေ့လည်ပိုင်းတွင် ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။

ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားတွင် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းတက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရေကဏ္ဍတွင် ဆောင်ရွက်လျှက်ရှိသော ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စာတမ်းဖတ်ကြားဆွေးနွေး တင်ပြမည့်သူများ၊ ဘာသာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့်သူများ၊ ရေနှင့်ဆက်နွယ်သည့် ဌာနအဖွဲ့အစည်းများမှ စိတ်ပါဝင်စားသူများ စုစုပေါင်း ၂၈၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ခေတ်ကာလတွင် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများကြောင့် လူသားများအပါအဝင် သက်ရှိသတ္တဝါများအတွက် လုံခြုံစိတ်ချရမှု တဖြည်းဖြည်းလျော့နည်းလာသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ အခြေအနေမျိုးတွင် သိပ္ပံနှင့်နည်းပညာ အကူအညီများဖြစ်သည့် ဂြိုဟ်တုပုံရိပ်များ၊ GIS နည်းပညာများ၊ ရေဒါစနစ်များ၊ ရေဆိုင်ရာအချက်အလက်များကို အသုံးပြုပြီး၊ ကွန်ပျူတာအသုံးချမော်ဒယ် ပြုလုပ်လေ့လာခြင်းစသည့် အမျိုးမျိုးသော သုတေသနများ၏အဖြေများ၊ အကြံပြုချက်များသည် လွန်စွာတန်ဖိုးကြီးမားပါကြောင်း၊ သုတေသန ဆောင်ရွက်နေကြသည့် ပညာရှင်များ၏ အခန်းကဏ္ဍသည် ရေအရင်းအမြစ်များ ရေရှည်တည်တံ့စေရန် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ပညာရှင်များ၏ တွေ့ရှိချက်များ၊ အကြံပြုချက်များသည် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် ပိုမိုနေပျော်ဖွယ် လောကကြီးတစ်ခုဖန်တီးရာတွင် များစွာအထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ ယခုနှစ်ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွင် ကမ္ဘာ့ရေနေ့ ၂၀၂၅ ဆောင်ပုဒ်ဖြစ်သည့် “ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” (Glacier Preservation) နှင့် ဆက်နွှယ်သည့် စာတမ်းများကို သက်ဆိုင်ရာ ပညာရှင်များက ဖတ်ကြားတင်ပြသွားမည်ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအနေဖြင့် သိရှိလိုသည်များကို မေးမြန်းခြင်း၊ ပိုမိုကောင်းမွန်စေရန် ဖြည့်စွက်အကြံပြုပေးခြင်းတို့ဖြင့် ပူးပေါင်းပါဝင် ဆွေးနွေးပေးကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ရေအရင်းအမြစ်များကို စနစ်တကျထိန်းသိမ်းပြီး ရေရှည်အသုံးပြုနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ရေကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားရေဥပဒေမူကြမ်းကို ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနများ၊ ကျွမ်းကျင်ပညာရှင် အဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်း ရေးဆွဲပြုစုပြီး ဥပဒေရေးရာဝန်ကြီးဌာနသို့ပေးပို့၍ သဘောထားမှတ်ချက် ရယူဆောင်ရွက်လျက် ရှိပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့စာတမ်းများ၊ မြန်မာနိုင်ငံအတွင်း ရေဖူလုံစေရေး ရေအရင်းအမြစ်များထုတ်ဖော်အသုံးချရေးစာတမ်းများကို ဖတ်ကြားခဲ့ရာ ရေနှင့် သက်ဆိုင်သော ဝန်ကြီးဌာနအဖွဲ့အစည်းများက ဘာသာရပ်ဆိုင်ရာ စာတမ်း ၁၀ စောင် ဖတ်ကြားခဲ့ပြီး စာတမ်းများနှင့်ပတ်သက်သည့် တင်ပြချက်များအပေါ် တက်ရောက် လာကြသူများမှ သိလိုသည်များကို မေးမြန်းခြင်း၊ ဖြည့်စွက်အကြံပြု ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပြီးနောက်ရေဆိုင်ရာ ပညာရှင်များက “ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များ ထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက စာတမ်းဖတ်ကြားဆွေးနွေးခဲ့သည့် ပညာရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ပြီး နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

နေ့လည်ပိုင်း ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကျင်းပချိန်တွင် ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ပြခန်းများအား Nay Pyi Taw State Academy နှင့် နေပြည်တော်ရှိ အခြေခံပညာ အလယ်တန်းနှင့်အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများ လာရောက်ကြည့်ရှု့ လေ့လာခဲ့ကြသည်။

ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို ရေသယံဇာတအရင်းအမြစ်များ အကန့်အသတ်ရှိမှု၊ ရေအရင်းအမြစ်များ ရေရှည်တည်မြဲရန်လိုအပ်မှု၊ ရေအရင်းအမြစ်တစ်ခုဖြစ်သည့် ရေခဲမြစ်များ ထိန်းသိမ်းရန်လိုအပ်မှုနှင့် ရေကိုစနစ်တကျ ချွေတာသုံးစွဲရန်လိုအပ်မှုကို အများပြည်သူသိရှိပြီး လိုက်နာဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Newspaper - 3421 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download