အသက်ရှည်ခြင်း ချမ်းသာခြင်းနှင့် ကံကောင်းခြင်းတို့ ယူဆောင်လာမည့် မြွေနှစ်
အသက်ရှည်ခြင်း ချမ်းသာခြင်းနှင့် ကံကောင်းခြင်းတို့ ယူဆောင်လာမည့် မြွေနှစ်
Ministry of Information/ Naypyitaw / January 24, 2025
မကြာမီရောက်ရှိတော့မည့် ဇန်နဝါရီ ၂၉ ရက်နေ့သည် တရုတ်ရိုးရာပြက္ခဒိန်အရ နဂါးနှစ်မှမြွေနှစ်သို့ ကူးပြောင်းသည့် တရုတ်နှစ်သစ်ကူးနေ့ဖြစ်ပြီး ယခုနှစ်မှစတင်ကာ တရားဝင်သတ်မှတ် လိုက်ပြီဖြစ်သည့် အစိုးရရုံးပိတ်ရက်လည်းဖြစ်သည်။ ထို့အပြင် ၂၀၂၅ ခုနှစ်သည် တရုတ်နှင့်မြန်မာတို့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စိန်ရတုကာလကျရောက်သည့်နှစ်ပင်ဖြစ်သည်။ နှစ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်မှု ကီလိုမီတာနှစ်ထောင်ကျော် ရှည်လျားသကဲ့သို့ နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံမှုလည်း နှစ်ပေါင်းထောင်ချီကြာမြင့်နေပြီဖြစ်သည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးသောအိမ်နီးချင်းမိတ်ဆွေနိုင်ငံဖြစ်သကဲ့သို့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အရေးကြီးသည့်နိုင်ငံလည်းဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်ကာလ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒကိုချမှတ်၍ တရုတ်ခေါင်းဆောင် အဆက်ဆက်တို့က ဦးဆောင်ကာ ကြီးမြတ်သည့် ပြန်လည်ဆန်းသစ်ရေး တရုတ်အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ကြရာ တရုတ်ကွန်မြူနစ်ပါတီထူထောင်သည့် နှစ် ၁၀၀ ပြည့်ဖြစ်သော ၂၀၂၁ ခုနှစ်တွင် အတန်အသင့်ချမ်းသာကြွယ်ဝသည့် လူမှုအဖွဲ့အစည်းကို ဘက်စုံတည်ဆောက်နိုင်ခဲ့ပြီဖြစ်ပြီး တရုတ်ပြည်သစ်ထူထောင်သည့် နှစ် ၁၀၀ ကာလဖြစ်သော ၂၀၄၉ ခုနှစ် ရောက်ရှိချိန်တွင် ပြည့်စုံကြွယ်ဝပြီး ခိုင်မာတောင့်တင်းသည့် ဒီမိုကရေစီယဉ်ကျေးမှုနှင့်လည်း သဟဇာတဖြစ်သည့် ခေတ်မီဆိုရှယ်လစ် နိုင်ငံကြီးဖြစ်လာစေရန် အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ငြိမ်းချမ်းစွာဖြင့် ဖွံ့ဖြိုးတိုးတက်မှု (Peaceful Development) ဖြစ်ကြောင်း တရုတ်ခေါင်းဆောင်များက တရားဝင်ထုတ်ဖော်ပြောကြားထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကို မြှင့်တင်လျက်ရှိရာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နှစ်ဦးနှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားရန် အလားအလာအများအပြားရှိနေသည်။
ယခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးအထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်ချီးမြှင့်ပြီး နှစ်သစ်ကူးအထိမ်းအမှတ် နှုတ်ခွန်းဆက်စကားကို ချစ်ကြည်ရင်းနှီးစွာပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အပြုသဘောဆောင်သည့် အကူအညီများ ပေးအပ်လျက်ရှိပြီး ဒေသတွင်းသာမက နိုင်ငံတကာအသိုက်အဝန်းကပါ တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ် အပြုသဘောဆောင်သည့် အားပေးထောက်ခံမှုများအတွက်လည်း များစွာတန်ဖိုးထားပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်သည် တရုတ်ပြက္ခဒိန်၏ မြွေနှစ်ဖြစ်ပြီး တရုတ်ရိုးရာယဉ်ကျေးမှုတွင် မြွေထွက်ပေါ်လာခြင်း၏ အဓိပ္ပာယ်မှာ အသက်ရှည်ခြင်း၊ ချမ်းသာခြင်းနှင့် ကံကောင်းခြင်းတို့ဖြစ်ရာ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အဓွန့်ရှည်တည်တံ့ခြင်း၊ နှစ်ဦးနှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းခြင်းနှင့် အောင်မြင်ခြင်းတို့အတွက် အတိတ်နိမိတ်ကောင်းများ ဆောင်ကြဉ်းလာနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။
Newspaper - 3520 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
