အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဒုစရိုက်မှုများ တိုက်ဖျက်ရှင်းလင်း
အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဒုစရိုက်မှုများ တိုက်ဖျက်ရှင်းလင်း
Ministry of Information/ Naypyitaw / January 13, 2026
အနုသယကိလေသာ အားကြီးသော လူ့ဘောင်လောက၌ အကုသိုလ်ဒုစရိုက်မကောင်းမှုတို့သည် အလွယ်တကူဖြစ်ပေါ်လေ့ရှိသည်။ မကောင်းသောအသက်မွေးမှုသည် ငွေကြေးဥစ္စာတို့ကို အလွယ်တကူရရှိနိုင်သဖြင့် မကောင်းမှုဘက်သို့ ကိုင်းညွတ်ကြသည်။ မကောင်းမှုဒုစရိုက်များ အားကောင်းသည့်အခါ လောကလူသားများ ထိခိုက်ပျက်စီးခြင်းများဖြစ်ရသည်။ ထို့ကြောင့် အများပြည်သူအကျိုးစီးပွားကို ရှေးရှု၍ မကောင်းမှုဒုစရိုက်များ အားကောင်းလာခြင်းမရှိအောင်၊ အမြစ် ပြတ်အောင် အစိုးရအဆက်ဆက်တို့က အစဉ်အဆက် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ကြသည်။
မျက်မှောက်ကာလတွင် မကောင်းမှုဒုစရိုက်အမှုများဖြစ်သည့် မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားနှင့် အကြမ်းဖက်မှုများ အားကောင်း လာသည်ကို တွေ့ရသည်။ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေနှင့် ပထဝီနိုင်ငံရေးအကြောင်းများအရ အဆိုပါမကောင်းမှုတို့ ပိုမိုဖြစ်ပေါ်လာသည်ဟု ဆိုနိုင်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့သောအခြေအနေအခက်အခဲရှိသည်ဖြစ်စေ နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားကိုရှေးရှု၍ အဆိုပါမကောင်းမှုများ၊ ဒုစရိုက်မှုများကို ထိရောက်စွာ အဆက်မပြတ် နှိမ်နင်းလျက်ရှိသည်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ထိရောက်စွာ နှိမ်နင်းနိုင်ရန်အတွက် နိုင်ငံတော်နှင့်အတူ ပြည်သူများကလည်း ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပိုမိုတိုးမြှင့်တိုက်ဖျက်လျက်ရှိသည်။ ထို့အပြင် ဘိန်းခင်းများအား ဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်နိုင်သည့်နေရာများနှင့် သယ်ဆောင်ရောင်းဝယ်ဖောက်ကားမှုများကို ရှာဖွေဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်ခြင်း၊ ကျောင်းသား ကျောင်းသူများနှင့် လူငယ်လူရွယ်များအား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အသိပညာပေးခြင်းစသည့် လုပ်ငန်းများကို ပြည်သူများနှင့် ပူးပေါင်းလက်တွဲ၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
အလားတူ ကမ္ဘာ့ပြည်သူများအား လိမ်လည်လှည့်ဖြားဖျက်ဆီးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများမှာ နိုင်ငံအများတွင် ဖြစ်ပေါ်လျက်ရှိရာ နိုင်ငံအစိုးရများက ရှာဖွေတိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်စေရန် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်တက်ကြွကြွ အရှိန်အဟုန်မြှင့် တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ မြန်မာနိုင်ငံတွင် အွန်လိုင်း လိမ်လည်လောင်းကစားမှုများ အများဆုံးဖြစ်သည့် ကရင်ပြည်နယ် မြဝတီနယ်မြေရှိ ဒုစရိုက်အဆောက်အအုံများကို အမြစ်ပါမကျန်ဖြိုချရှင်းလင်းနေသည်ကို တွေ့နိုင်သည်။
အဆိုပါဒေသ၌ ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းနေသည့်အချိန်တွင် ယခုနှစ် ဖေဖော်ဝါရီလက ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ်အတွင်း၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး၌လည်းကောင်း၊ နိုဝင်ဘာလတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ် အတွင်း၌လည်းကောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်နှင့် ၉ ရက်တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်အတွင်း၌လည်းကောင်း အွန်လိုင်း လိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများနှင့် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ရှမ်းပြည်နယ်အတွင်းရှိ တောတောင်လျှိုမြောင်များတွင် ခိုအောင်း၍ အဆိုပါမကောင်းမှုဒုစရိုက်မှုများကို သောင်းကျန်းသူလက်နက်ကိုင်အဖွဲ့များ ပါဝင်ပတ်သက်မှုဖြင့် နိုင်ငံ့နယ်နိမိတ်အတွင်း ကျူးလွန်လုပ်ကိုင်နေမှုများကို တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များက စွန့်စွန့်စားစား ရှင်းလင်းဖယ်ရှား နှိမ်နင်းလျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေဒေသများလုံခြုံရေးအတွက် တစ်နိုင်ငံလုံးလွှမ်းခြုံ၍ စွန့်လွှတ်စွန့်စားဆောင်ရွက်လျက်ရှိရာတွင် အကြမ်းဖက်သောင်းကျန်းသူများအား ရှင်းလင်းချေမှုန်းလျက်ရှိသလို နိုင်ငံတော်၊ ပြည်သူနှင့် ကမ္ဘာတစ်ဝန်းလုံးကို ခြိမ်းခြောက်လျက်ရှိသည့် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများကိုပါ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် တိုက်ဖျက်နှိမ်နင်းလျက်ရှိရာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းလက်တွဲ ပါဝင်တိုက်ဖျက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
Newspaper - 3436 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
