ဧကကွက် ဟက်တာကွက်အလိုက် စက်ဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်းဆွတ်ခူးသိမ်းဆည်းရန် ဝါသီးနှံမျိုးနှင့်စိုက်စနစ်နည်းပညာများ စမ်းသပ်


Ministry of Information/ Naypyitaw / January 13, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၂

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပျဉ်းမနားရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းဝင်းအတွင်း မျိုးယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားသည့် ချည်မျှင်ရှည်ဝါစိုက်ခင်းကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက စမ်းသပ်စိုက်ပျိုးထားသည့် KTK-1 ၊ ငွေချည်-၁၁၊ RAKA-666၊ ရွှေတောင်-၈၊ B-31 မျိုးများ ယှဉ်ပြိုင်စိုက်ပျိုးထားမှုအပေါ် ဆောင်ရွက်ရသည့်ရည်ရွယ်ချက်များ၊ အပင်သက်တမ်းအလိုက် အပင်ကြီးထွားမှုရပ်တန့်ဆေး၊ သီးပွင့်ဆေးနှင့် ရွက်ချဆေးသုံးစွဲခဲ့မှု၊ ဝါသီးပွင့်မှုနှင့် ဝါဂွမ်း ခန့်မှန်းအထွက်နှုန်းတို့ကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ အပင်ပြုစုစောင့်ရှောက်ရမှုနှင့် သွင်းအားစုစရိတ်သည် တောင်သူတွက်ခြေကိုက်သည့် အထွက်နှုန်းရလဒ်များရှိရန်လိုကြောင်း၊ ယခုနည်းပညာအရ သတ်မှတ်ကာလအတွင်း ဝါများအား တစ်ပြိုင်နက်တည်း စွမ်းအားပြည့် ဆွတ်ခူးသိမ်းဆည်းနိုင်မည်ဖြစ်၍ နောက်သီးနှံကို ရာသီချိန်မီစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ရေရှည်တွင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲအသုံးပြုရာ၌ ဝါသီးနှံကို ဧကကွက် ဟက်တာကွက်အလိုက် စက်ဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဆွတ်ခူးသိမ်းဆည်းရန် လိုအပ်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ နည်းပညာအရ သေချာမှုရှိစေရန် ပညာရှင်များအပိုင်းက ထပ်မံစမ်းသပ်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

ယခင်က ချည်မျှင်ရှည်ဝါစိုက်ပျိုးရာတွင် ပင်ခြား နှစ်ပေခွဲ၊ တန်းကြား သုံးပေဖြင့် စိုက်ပျိုးခဲ့ကြခြင်းဖြစ် ပြီး ယခုစမ်းသပ်စိုက်ပျိုးမှုတွင် ပင်ခြား ခြောက်လက်မ၊ တန်းကြား နှစ်ပေဖြင့် စိုက်ပျိုးထားခြင်းကြောင့် တစ်ဧကဝင်ဆံ့သည့်အပင်ဦးရေ တိုးတက်စိုက်ပျိုးနိုင်ခြင်း၊ အပင်အရပ်ကို ထိန်းချုပ်၍ အသီးအပွင့်တစ်ပြိုင်တည်း သီးပွင့်စေခြင်းကြောင့် စက်ကိရိယာဖြင့် ဆွတ်ခူးသိမ်းဆည်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်၍ ယခုနည်းပညာကို ပြည်တွင်း ချည်မျှင်ရှည်ဝါမျိုးနှင့် ပြည်ပချည်မျှင်ရှည်ဝါစပ်မျိုးများအပေါ် သက်ရောက်မှုကို စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲ ပညာရှင်များက စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၆ ခုနှစ် တောင်သူလယ်သမားနေ့အထိမ်းအမှတ် စိုက်ပျိုးသီးနှံမျိုးစေ့ပြပွဲကျင်းပမည့် စိုက်ကွင်းများနှင့် သီးနှံခင်းများ မြေပြင်၍ ကြိုတင်စိုက်ပျိုးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3436 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download