ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျောက်ချောလမ်း၊ ကွန်ကရစ်တံတားသစ်ဖွင့်ပွဲများနှင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သည့် နှစ်(၈၀) ပြည့်တပ်မတော်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာ၊ ပြည်သူလူထုစုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျောက်ချောလမ်း၊ ကွန်ကရစ်တံတားသစ်ဖွင့်ပွဲများနှင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သည့် နှစ်(၈၀) ပြည့်တပ်မတော်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာ၊ ပြည်သူလူထုစုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / March 25, 2025
ပုသိမ် မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကျောင်းကုန်းမြို့နယ်၊ ဆိပ်သာ-လေးအိမ်ကျေးရွာ ချင်းဆက် လမ်းပေါ်ရှိ ကွန်ကရစ်တံတားသစ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့် အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ တံတားသစ်အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ အဆိုပါတံတားသည် ၂၀၂၄- ၂၀၂၅ဘဏ္ဍာရေးနှစ်တွင် ကျောင်းကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သော တံတားဖြစ်ပြီး တံတားအရှည် ၄၀ ပေနှင့် အကျယ် ၂၀ ပေ ရှိကြောင်းသိရှိရသည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကျောင်းကုန်းမြို့နယ်၊ ကျုံတာကျေးရွာနှင့် အိမ်မဲမြို့နယ်၊ သရွတ်ကြီးကျေးရွာချင်းဆက် ကျောက်ချောလမ်းနှင့် ကွန်ကရစ်တံတားသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ တံတားသစ်နှင့် ကျောက်ချောလမ်းအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ကျောင်းကုန်းမြို့နယ်၊ ကျုံတာကျေးရွာနှင့် အိမ်မဲမြို့နယ်၊ သရွတ်ကြီးကျေးရွာချင်းဆက် ကျောက်ချောလမ်းနှင့် ကွန်ကရစ်တံတားသစ်သည် ၂၀၂၄- ၂၀၂၅ဘဏ္ဍာရေးနှစ်တွင် ကျောင်းကုန်းမြို့နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည်(၀/၆)မိုင် အကျယ် ၁၂ ပေနှင့်ထု ၆ လက်မရှိပြီး ကွန်ကရစ်တံတားသည် အရှည် ၁၀၀ ပေနှင့် အကျယ်၂၀ ပေ ရှိကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် နှစ်(၈၀)ပြည့်တပ်မတော်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာများ၊ ပြည်သူလူထုများ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ဆေးရုံကြီး၏ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ပြုလုပ်ခဲ့ရာ စုပေါင်း သွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် ၎င်းတို့၏ဇနီးများသည် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၊ အမျိုးသား သွေးလှူဘဏ်ခွဲတွင် ဌာနဆိုင်ရာများနှင့် ပြည်သူများက စုပေါင်းသွေးလှူဒါန်းဒါန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။ နှစ်(၈၀)ပြည့် တပ်မတော် နေ့အထိမ်းအမှတ် သွေးလှူဒါန်းရာတွင် ဌာနဆိုင်ရာ၊ ပြည်သူလူထု စုစုပေါင်း(၄၃)ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်းသိရသည်။
Newspaper - 3461 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
