ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် မြို့တွင်းဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး လက်ရွေးစင်အားကစားသမားများ၏လေ့ကျင့်မှုများကိုကြည့်ရှုအားပေး


Ayeyarwaddy Region Government/ ပုသိမ် / June 25, 2025


ပုသိမ် ဇွန် ၂၃

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် မြို့တွင်းဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ စက်ဘီးစီးပြိုင်ပွဲဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူး ကျင်းပသည့် မြို့တွင်းဖိတ်ခေါ် အမျိုးသား၊ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကို ပုသိမ်မြို့၊ ရုပ်ထု အဝိုင်းမှစတင်၍ သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့သည်။ ထို့နောက် ရုပ်ထုအဝိုင်းမှ ပုသိမ် နည်းပညာတက္ကသိုလ်၊ ပုသိမ်နည်းပညာတက္ကသိုလ်မှ ကိုးသိန်းအားကစားကွင်းအထိ ပြိုင်ပွဲဝင် စက်ဘီးစီးအားကစားသမားများက (၂၀)ကီလိုမီတာ ယှဉ်ပြိုင်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကိုးသိန်းအားကစားကွင်းရှေ့ ပန်းဝင်သည့်နေရာမှ ကြိုဆိုခဲ့ကြပါသည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် မြို့တွင်းဖိတ်ခေါ် အမျိုးသား၊ အမျိုးသမီးစက်ဘီးစီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ အမျိုးသား ရိုးရိုးဘီးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား ဆုတံဆိပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ကလည်းကောင်း၊ အမျိုးသားရိုးရိုးဘီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္တနှင့် ပဉ္စမဆု ရရှိသူများအား ဆုတံဆိပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသား Fixed Bike ၊ ပြိုင်ဘီး၊ Mountain Bike ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ရရှိသူများအား ဆုတံဆိပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသား Fixed Bike ၊ ပြိုင်ဘီး၊ Mountain Bike ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္တနှင့် ပဉ္စမဆုရရှိသူများအား ဆုတံဆိပ်များကို တိုင်းဒေသကြီးတရားသူကြီးချုပ်က လည်းကောင်း၊ အမျိုးသမီး ရိုးရိုးဘီးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား ဆုတံဆိပ်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးကလည်းကောင်း၊ အမျိုးသမီးရိုးရိုးဘီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္တနှင့် ပဉ္စမဆုရရှိသူများအား ဆုတံဆိပ်များကို တိုင်းဒေသကြီးဝန်ကြီးချုပ် ၏ဇနီးကလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီးစက်ဘီးစီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားသမားများအား ဆုဖလားများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြသည်။ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူး ကျင်းပသည့် မြို့တွင်းဖိတ်ခေါ် အမျိုးသား၊ အမျိုးသမီးစက်ဘီးစီးပြိုင်ပွဲကို စက်ဘီးစီးအားကစား ဝါသနာရှင် (၁၈၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုးသိန်းအားကစားကွင်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး လက်ရွေးစင် U-18 အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်အားကစားသမားများ၏ မီတာ(၄၀၀) လက်ဆင့်ကမ်းလေ့ကျင့်မှုများ၊ တန်းမြှင့်ခုန်လေ့ကျင့်မှုများ၊ တိုင်းဒေသကြီး လက်ရွေးစင် U-18 အမျိုးသားဘောလုံးအားကစားသမားများ၏ လေ့ကျင့်မှုများကို ကြည့်ရှု အားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အုပ်ချုပ်သူ၊ နည်းပြများအား အားကစားပြိုင်ပွဲ များတွင် အောင်မြင်မှုရရှိရေး စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးရန်နှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန်မှာကြားကာ အားကစားသမားများအား ချီးမြှင့်ငွေနှင့် အဟာရဖြည့်စွက်စာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

Newspaper - 3524 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download