ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဂျုဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ပွဲရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးဂျုဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ


Ayeyarwaddy Region Government/ ပုသိမ် / June 25, 2025


ပုသိမ် ဇွန် ၂၃

၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျုဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ပွဲ ရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးဂျုဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အောင်ပွဲရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျုဒိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်များရရှိခဲ့သည့် အားကစားသမားများ၏ ပါဝင် ယှဉ်ပြိုင်ခဲ့မှု vedio clip အား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ အခမ်း အနားသည် ပြည်နယ်နှင့်တိုင်းဒေသကြီးဂျုဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ပွဲများရရှိ ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးဂျုဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြုဂျုဒိုအနေဖြင့် ယခင်နှစ်များတွင်လည်း ဆုတံဆိပ်များ ရရှိအောင်ကြိုးစားယှဉ်ပြိုင်ကြပြီး တိုင်းဒေသကြီး၏ ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဆုတံဆိပ်များရရှိအောင် ဆောင်ရွက်ပေးကြသော ဧရာဝတီတိုင်းဒေသကြီးဂျုဒိုအသင်းမှ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ အားကစား မောင်မယ်များအနေဖြင့် အားကစားစိတ်ဓါတ်အပြည့်ဖြင့် ယှဉ်ပြိုင်အနိုင်ယူခဲ့ကြသည့်အတွက် ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြစေလိုကြောင်း” ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ ရွှေတံဆိပ်ဆုရရှိသူ (၃)ဦးအား ဂုဏ်ပြုဆုငွေ ကျပ်(၃၀)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ငွေတံဆိပ်ဆုရရှိသူ(၁)ဦးအား ဂုဏ်ပြု ဆုငွေကျပ်(၅)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ကြေးတံဆိပ်(၉)ခုအတွက် ငွေကျပ်(၂၇)သိန်း၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အုပ်ချုပ်သူ၊ နည်းပြ(၆)ဦးအား ငွေကျပ်(၁၂)သိန်းကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဂျုဒိုအသင်းအုပ်ချုပ်သူမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဂျုဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ပွဲများရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးဂျုဒိုအသင်းအား ဂုဏ်ပြုစားသောက်ဖွယ်ရာများဖြင့် တည့်ခင်းဧည့်ခံ ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျုဒိုပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဂျုဒိုအသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၉)ခုဖြင့် အဆင့်(၂) ရရှိခဲ့ခြင်းဖြစ်သည်။

Newspaper - 3551 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download